အိမ်အရောက်ပို့စနစ်ဖြင့် ဆန်များရောင်းချမှု ယနေ့စတင်

0
64

ယနေ့ဇူလိုင်လ (၁) ရက်မှစတင်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရွှေဘိုပေါ်ဆန်းဆန်များ၊ ဧရာဝတီပေါ်ဆန်းဆန်များကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးခြင်း အစီအစဉ်ကို စတင်ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်အရ ရွှေဘိုပေါ်ဆန်း (၁၀၈) ပေါင် (၂၄) ပြည် တစ်အိတ်လျင် (၁၅၂,၀၀၀) ကျပ်၊ ဧရာဝတီပေါ်ဆန်း (၂၄) ပြည် တစ်အိတ်လျင် (၁၃၀,၀၀၀) ကျပ်၊ ဧရာဝတီပေါ်ဆန်း (၁၀)ကီလို (၅)ပြည်ခန့် တစ်အိတ်လျင် (၂၆,၅၀၀)ကျပ်ဖြင့် အရည်အသွေးမှန်၊ အလေးချိန်မှန် ဆန်အိတ်များကို အိမ်အရောက်စတင် ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းအစီအစဉ်ဖြင့် စားသုံးဆန်များမှာယူလိုပါက ဖော်ပြပါ ဖုန်းနံပါတ်နှင့် Email များသို့ ဆက်သွယ်ပြီး ငွေကြိုတင်ပေးပို့ မှာကြားနိုင်ကြောင်း ငွေပေးသွင်းပြီး (၃)ရက်အတွင်း အိမ်အရောက် ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရန် Viber ဖုန်းနံပါတ်များမှာ 09-400067240, 09-400067250, 09-400067260 Email : [email protected] om.mm ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းဆန်နှင့် ဧည့်မထဆန်များကို သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းဖြင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာ ဝတီတိုင်းတို့အပါအဝင် တစ်နိုင်ငံလုံးရှိ ဆန်စက်များ၊ ဆန်ဆိုင်များ၊ ဆန်ပွဲရုံများမှ ဆက်တိုက်ရောင်းချပေးနေသလို၊ ဈေးအရောင်းစင်တာများ၊ Super Market များ၊ Mini Mart များတွင်လည်း ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဧည့်မထဆန်များအား Consumer Pack များဖြင့် ရည်ညွှန်းဈေး နှုန်းများအတိုင်း ပြန်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here