မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်း ဒီပလိုမာသင်တန်းများဖွင့်မည်

0
81

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစ၍ အရာရှိလောင်း ဒီပလိုမာသင်တန်းများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။

နှစ်နှစ်ကြာတက်ရောက်ရမည့် ထိုသင်တန်းများမှာကုန်သွယ် ရေကြောင်းအရာရှိလောင်းသင်တန်း (CD/52)၊ ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်းသင်တန်း (CE/50) နှင့် ကုန်သွယ်ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်း (CME/05) တို့ဖြစ်သည်။

သင်တန်းများမှ ပြီးဆုံးပါက ပေးအပ်မည့် ဒီပလိုမာဘွဲ့များမှာ ရေကြောင်းပညာဒီပလိုမာ (Diploma in Nautical Studies)၊ ရေကြောင်းနည်းပညာဒီပလိုမာ (Diploma in Maritime Technology)၊ ရေကြောင်းလျှပ်စစ်နည်းပညာဒီပလိုမာ (Diploma in Marine Electrical Technology)တို့ဖြစ်သည်။

လျှောက်ထားလိုသူများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် အသက် (၂၁) နှစ်အထက် မကျော်လွန်သူဖြစ်ရမည်ဖြစ်ကာ ကုန်သွယ်ရေကြောင်းအရာရှိလောင်းသင်တန်းနှင့် ကုန်သွယ်ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်းသင်တန်းများအတွက် KG+12 စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များပါဝင်သော (သိပ္ပံ/ဝိပ္ပံ) ဘာသာတွဲဖြင့် အောင်မြင်ပြီး စုစုပေါင်းရမှတ် အနည်းဆုံး (၄၀၀) ရှိရမည်ဖြစ်ကြောင်း သိရသည်။

ကုန်သွယ်ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်းအတွက် KG+12 စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များပါဝင်သော (သိပ္ပံ/ဝိပ္ပံ) ဘာသာတွဲဖြင့် အောင်မြင်ပြီး စုစုပေါင်းရမှတ် အနည်းဆုံး (၃၉၀) ရှိရမည်ဖြစ်သည်။

အဆိုပါ သင်တန်းများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁) ရက်မှစပြီး ဩဂုတ်လ (၃၀) ရက်အထိ ကျောင်းတွင် သွားရောက်လျှောက်ထားနိုင်သည်။

ဖွင့်လှစ်သင်ကြားပေးမည့် အရာရှိဒီပလိုမာသင်တန်းများတွင် ကုန်သွယ်ရေကြောင်းအရာရှိလောင်းသင်တန်းအတွက် (၁၃၀) ဦး၊ ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်းသင်တန်း (၁၃၀) ဦးနှင့် ကုန်သွယ်ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်းအတွက် (၄၀) ဦးတို့ အသီးသီးလက်ခံသွားမည်ဖြစ်သည်။

ဘုရင့်နောင်လမ်းမ၊ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်တွင် သင်တန်းဝင်ခွင့်ကို လူတွေ့စစ်ဆေးရွေးချယ်မည်ဖြစ်ကာ အသေးစိတ်အချက်အလက်များကို မော်ကွန်းထိန်းရုံး၊ဖုန်း-၀၉၄၀၃၇၃၇၉၇၀၊ သင်တန်းဌာနဖုန်း-၀၉၉၈၆၃၄၀၅၅၇ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်မေးမြန်းနိုင်သည့်အပြင် Website www.mmmc.edu.mm နှင့် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်-MMMC Facebook Page တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here