လူ ၇ ဦး ‌ေ-သဆုံးခဲ့တဲ့ ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုအပြီး ဇလန်စကီးက တာဝေးပစ်လက်နက်တွေ ထောက်ပံ့ဖို့ ထပ်မံတောင်းဆို

0
56

ယူကရိန်းနိုင်ငံတောင်ပိုင်း ဇာပိုရစ်ဇာဟီယာပြည်နယ် ဗီလ်နီယန်ဆက်မြို့ကို ရုရှားက စနေနေ့မှာ ဒုံးကျည်တစ်စင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူ ၇ ဦး ‌ေ-သဆုံးခဲ့ပြီး ၃၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ယင်းတိုက်ခိုက်မှုအတွင်း အရေးကြီးတဲ့ အခြေခံအဆောက်အဦတွေအပြင် လက်လီစတိုးဆိုင်တစ်ခုနဲ့ လူနေအဆောက်အအုံတွေ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ဇာပိုရစ်ဇာဟီယာဒေသ စစ်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် အိုင်ဗန်ဖီဒိုရော့ဗ်က တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့ပါတယ်။

ယူကရိန်း ပြည်ထဲရေးဝန်ကြီး အီဟာ ကလီမန်ကတော့ ကုန်သွယ်ရေးအဆောက်အအုံတွေ၊ အိမ်ထောင်စုတွေနဲ့ မော်တော်ယာဉ်တွေ မီးစွဲလောင်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း အသက်ဆုံးရှုံးခဲ့ရမှုတွေအတွက် ဝမ်းနည်းကြေကွဲရကြောင်း သမ္မတ ဇလန်းစကီးက ပြောဆိုခဲ့ပြီး ယူကရိန်းအတွက် တာဝေးပစ် လက်နက်တွေ ပိုမိုထောက်ပံ့ပေးကြဖို့ တောင်းခံခဲ့ပါတယ်။ ယူကရိန်းဟာ တကယ့် တာဝေးပစ်စွမ်းရည်ရှိလက်နက်တွေနဲ့ တိုက်ခိုက်နိုင်ဖို့ လိုနေကာ ခေတ်မီလေကြောင်း ကာကွယ်ရေးစနစ်တွေ အရေအတွက် တိုးမြှင့်ဖို့လည်း လိုအပ်နေပါတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

“အကူအညီပေးနေတဲ့ မိတ်ဖက်တွေအားလုံးကို ကျေးဇူးတင်ပါတယ်၊ ဆုံးဖြတ်ချက်တွေကို မြန်မြန်ဆန်ဆန် ချဖို့ ကျွန်တော်တို့ လိုအပ်နေပါတယ်၊ ဒီစစ်ပွဲမှာ ဆုံးဖြတ်ချက်တွေ ဘယ်လိုအကြောင်းနဲ့ နှောင့်နှေးမှုမျိုးမဆိုဟာ လူ့အသက်တွေကို ဆုံးရှုံးရစေမှာပါ” လို့ သူက တယ်လီဂရမ်မှာ ရေးသားတောင်းဆိုခဲ့ပါတယ်။

မကြာသေးခင်အချိန်တွေအတွင်း ရုရှားဟာ စစ်မြေပြင်ထောက်ပံ့မှုကောင်းတွေကြောင့် နှေးကွေးသော်ငြား တည်ငြိမ်တဲ့ နည်းဗျူဟာမြောက် အောင်မြင်မှုတွေ ရရှိလာတာကို မြင်တွေ့နေရပါတယ်။

Ref: စီအန်အန်


LEAVE A REPLY

Please enter your comment!
Please enter your name here