အိန္ဒိယ လက်‌ရွေးစင်အမျိုးသမီးအသင်းနှင့် ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲစဉ်ကစားရန် မြန်မာအသင်း လေ့ကျင့်ပြင်ဆင်

0
38

အိန္ဒိယ လက်‌ရွေးစင်အမျိုးသမီးအသင်းနှင့် ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲစဉ်ကစားမည့် မြန်မာအသင်းအမျိုးသမီးအသင်းအနေဖြင့် ယမန်နေ့ ဇူလိုင်(၁)ရက်မှ စတင်ကာ လေ့ကျင့်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံတကာ ခြေစမ်းပွဲစဉ်အား ဇူလိုင် (၉) ရက်နှင့် (၁၂) ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ နှစ်ကျော့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် မြန်မာအသင်းအနေဖြင့် ပွဲထွက်လူစာရင်း ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ကစားသမား (၃၀) ဦးဖြင့် လေ့ကျင့်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင်အတွေ့အကြုံရှိ ကစားသမားများနှင့် အမျိုးသမီးလိဂ် ပြိုင်ပွဲတွင် ခြေစွမ်းပြကစားခဲ့သည့် လူငယ်ကစားသမားများကိုလည်း ထည့်သွင်း ရွေးချယ်ထားကြောင်း MFF က အသိပေးထားသည်။

မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဂျပန်လူမျိုး ယူကီတက်ဆုရိုက ကိုင်တွယ်လျက်ရှိပြီး ဇွန် (၁၆) ရက်မှ စတင်၍ လက်ရွေးစင်အသင်းများ အဆောင်တွင် စခန်းသွင်းလေ့ကျင်နေခြင်းဖြစ်သည်။

မြန်မာ့လက်‌ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာ ခြေစမ်းပွဲများအပြင် ပြည်ပနိုင်ငံများသို့လည်း လေ့ကျင့်‌ရေး ခြေစမ်းခရီးစဉ်များ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here