ကော့ကရိတ် – မြဝတီ ဒေါနတောင်လမ်း‌ဟောင်းမှ အတက်အဆင်းယာဉ်များ ကော့ကရိတ်မြို့ကိုဖြတ်၍ ပုံမှန်သွားလာနေပြီဖြစ်

0
53

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကိုဖြတ်၍ မြဝတီအတက်အဆင်းယာဉ်များ ပုံမှန်သွားလာနေကြပြီဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ် တစ်ဦးထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၂၈)ရက်မှ စတင်ကာ ဖြတ်သန်းသွားလာနေပြီး ခရီးသည်ယာဉ်ငယ်များအပါအဝင် ကုန်တင်ယာဉ်ကြီးများပါ သွားလာနေကြခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က ကော့ကရိတ်တိုက်ပွဲကြောင့် မြဝတီ-ဘားအံသွား ယာဉ်များအားလုံး မြို့မှ ဖြတ်သန်းမောင်းနှင်ခြင်းမပြုဘဲ ကွင်းရှောင်လမ်းများမှတဆင့် သွားလာနေကြခြင်းဖြစ်သ ည်။

လက်ရှိတွင် ယာဉ်များအားလုံး ကော့ကရိတ်မြို့မှဖြတ်၍ ဒေါနတောင်တက်လမ်းဟောင်းအတိုင်း သွားလာနေကြပြီဖြစ်သည်။

ဒေသတွင်းမိုးရွာသွန်းမှုများကြောင့် မြဝတီမြို့သို့သွားလာနိုင်သည့် ထို့ကော်ကိုး လမ်းပိုင်းအပါအဝင် နယ်ခြားစောင့်တပ်(၁၀၁၈) တပ်က ဖောက်လုပ်ပေးထားသည့် လမ်းပိုင်း ‌(ဒေသအခေါ် (၁၈)လမ်း)နှင့် သက္ကတေရွာဘက်မှဖောက်လုပ်ထားသည့် လမ်းပိုင်း(ဒေသအခေါ် ကြက်ဥတောင်လမ်း) တို့မှာ တောင်တက်တောင်ဆင်းလမ်းဖြစ်သည်နှင့်အညီ လမ်းချော်နေသောကြောင့် နယ်စပ်ဒေသကုန်စည်စီးဆင်းမှုများ နှောင့်နှေးကြန့်ကြာခဲ့ရခြင်းဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတလျှောက်တွင် ယမန်နှစ် ဒီဇင်ဘာလမှစတင်ကာ KNLA၊ PDF ပူးပေါင်းတပ်များနှင့် တပ်မတော်တို့အကြား ယနေ့အချိန်အထိ စစ်ရေး တင်းမားမှုများကြောင့် အာရှလမ်းမကြီးအား ယာယီပိတ်ထားရဆဲဖြစ်သည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here