မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ဖွင့်ထားသည့် CI စင်တာများအား ထိုင်းအစိုးရမှ ပိတ်သိမ်းတော့မည်

0
122

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မှတ်ပုံတင်ပေးနိုင်ရန် ပြုလုပ်ပေးနေသည့် သက်သေခံလက်မှတ် (CI) ထုတ်ပေးသည့် စင်တာများကို ဇူလိုင် (၇) ရက်မှ စတင်ကာပိတ်သိမ်းမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါ သက်သေခံလက်မှတ် (CI) စင်တာများသည် ထိုင်းနိုင်ငံရောက် နိုင်ငံကူးလက်မှတ်မရှိသည့် မြန်မာနိုင်ငံသားများ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရေးအတွက် (၄) နှစ်သက်တမ်းရှိသည့် ကတ်ကိုထုတ်‌ပေးသည့် စင်တာများ ဖြစ်သည်။

သို့သော် ထိုစင်တာများတွင် (CI)လာရောက်လုပ်ဆောင်သည့် သူနည်းလာသည့်အပြင် မြန်မာဘက်မှ တောင်းဆိုမှုကြောင့် ဇူလိုင်လ (၇) ရက်မှ စတင်ကာ (CI) စင်တာများအားတွေကို ပိတ်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇွန်လ (၂၈) ရက်တွင် ကြေညာထားခြင်း ဖြစ်သည်။

ယခုကဲ့သို့ CI စင်တာများ ပိတ်လိုက်မှုကြောင့် ဘန်ကောက်ရှိ မြန်မာသံရုံးတွင် PJ(အလုပ်အကိုင် နိုင်ငံကူးလက်မှတ်) ပြန်လည်ထုတ်ပေးနိုင်ရန် လိုအပ်မည်ဖြစ်ကာ ထောင်ချီသော မြန်မာအလုပ်သမားများအတွက် အခက်အခဲရှိနိုင်ကြောင်းလည်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအချို့များကပြောဆိုကြသည်။

ထို့ပြင် မြန်မာ မှတ်ပုံတင်၊ သန်းခေါင်စာရင်းမရှိသူများအနေဖြင့် CI မှာ လိုအပ်သည့်အတွက် CI စင်တာများ မပိတ်သိမ်းမီ လုပ်ဆောင်ကြရန် တိုက်တွန်းနေကြကြောင်းလည်း သိရသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၃) ရက်ကစ၍ ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက်အပါအဝင် မြန်မာရွှေ့ပြောင်းများနေထိုင်သည့် မြို့နယ်များမှာ စင်တာ (၈)ခု ဖွင့်၍ အထောက်အထားမဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားများကို CI စာအုပ်ထုတ်ပေးနေဆဲ ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here