ဖားကန့်မြို့ ရပ်ကွက် (၅)ရပ်ခုအတွင်း အိမ်ထောင်စုပေါင်း (၅၀၀)ခန် ရေဘေး ကြုံတွေ့

0
45

ဥရုချောင်း ရေလျှံမှုကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ရပ်ကွက် (၅)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုပေါင်း (၅၀၀)ဝန်းကျင်မှ လူဦး ရေ(၂၅၀၀) ကျော် ရေဘေးဒုက္ခ နှင့် ရင်ဆိုင်နေရကြောင်း ဒေသတွင်းပရဟိတအဖွဲ့တစ်ခုဖြစ်သည့် ကွန်းဖောင်ဒေးရှင်းထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ(၁)ရက် ၊ မွန်းလွဲပိုင်းမှ စတင်ကာ ကံဆီးကျေးရွာ တောင်ကျရေ စီးဆင်းမှုမှ အစပြု၍ ဥရုချောင်းရေ မြင့်တက်လာကာ ကံဆီးကျေးရွာ၊ လုံးခင်းကျေးရွာတို့တွင် ရေစတင်ဝင်ရောက်ပြီးနောက် ညပိုင်းတွင် ဖားကန့်မြို့ပေါ် (၅)ရပ်ကွက်အတွင်း ရေနစ်မြှပ်ခဲ့ရခြင်းဖြစ်သည်။

“ဖားကန့်မြို့က ကျွန်တော်နေတဲ့ နှစ်ပေါင်း(၃၀)အတွင်းမှာ တစ်ခါမှ အခုလောက် ဆိုးဆိုးရွားရွား မကြုံဖူးပါဘူး။ အားလုံးဂရုစိုက်ကြပါ”ဟု ကွန်းဖောင်ဒေးရှင်း တာဝန်ခံတစ်ဦးက ဆိုသည်။

ယမန်နေ့က ဖားကန့်မြို့အတွက် ဒေသစိုးရိမ်ရေမှတ်တိုင်းတာသည့် ရေတိုင်မှတ်ပြ အမှတ်အသားအရ စိုးရိမ်ရေမှတ်အထက် (၁၀)ပေခန့်မြင့်တက်ခဲ့ပြီး စိုးရိမ်ရေမှတ်မှာ (၉)ပေဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖားကန့်မြို့ ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း ဒေသခံအမျိုးသမီးတစ်ဦး လှေမှေ-ာက်ကာ ရေစီးနှင့်မျောပါပျောက်ဆုံးနေပြီး ယနေ့ နေ့လယ်ပိုင်းအထိ ရှာမတွေ့သေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here