ဟားမတ်စစ်တပ် ချေမှုန်းရေးထိုးစစ် အပြီးသတ်အဆင့်ရောက်နေပြီဟု နေတန်ယာဟု ပြောကြား

0
75

အစ္စရေးစစ်တပ်ရဲ့ ဂါဇာရှိ ဟားမတ်စစ်တပ် ချေမှုန်းရှင်းလင်းရေး ထိုးစစ်အဆင့် အပြီးသတ်လုဖြစ်နေပြီလို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။

ဂါဇာကမ်းမြောင်ဘက်ကို သူ သွားရောက်လေ့လာခဲ့ပြီး ယမန်နေ့က ပြန်ရောက်ခဲ့ကြောင်းနဲ့ ရာဖာမှာ ဆင်နွှဲနေတဲ့ တိုက်ပွဲဟာ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေရနေတာကို တွေ့မြင်ခဲ့ရကြောင်း နေတန်ယာဟုက ပြောဆိုပါတယ်။ “ဟားမတ်စ် အကြမ်းဖက်စစ်တပ် ချေမှုန်းရေး အပြီးသတ်အဆင့်ကို ကျွန်တော်တို့ သွားနေပါတယ်၊ ဒီအဖွဲ့ရဲ့ အကြွင်းအကျန်တွေကို ကျွန်တော်တို့ ဆက်ချေမှုန်းနေပါတယ်” လို့ အမျိုးသားလုံခြုံရေး ကောလိပ်မှာ ပညာသင်ကြားနေတဲ့ အစ္စရေးနဲ့ နိုင်ငံတကာ စစ်ဘက်အရာရှိများ အဓိကအုပ်စုတစ်ခုနဲ့ စကားပြောရာမှာ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အစ္စရေးရဲ့ ဟားမတ်စ်ချေမှုန်းရေးစစ်ပွဲ ရည်မှန်းချက်တွေ အောင်မြင်ပေါက်မြောက်တဲ့အထိ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်းကိုလည်း သူက ထပ်လောင်း ကတိပြုခဲ့ပြီး ဂါဇာရှိ ဓ-ါးစာခံတွေ ပြန်လွတ်ရေး၊ ဟားမတ်စ် စစ်တပ်နဲ့ အုပ်ချုပ်မှုစွမ်းဆောင်ရည် အမြစ်ပြတ်ရှင်းလင်းရေး၊ ဂါဇာကမ်းမြောင်ဟာ အစ္စရေးအပေါ် နောက်ထပ်ခြိမ်းခြောက်မှုမဖြစ်စေတော့တဲ့အထိ ဆောင်ရွက်ရေးနဲ့ စစ်ဘေးရှောင်နေရတဲ့ အစ္စရေးဒေသခံတွေ တောင်ပိုင်းနဲ့ မြောက်ပိုင်းရှိ သူတို့နေအိမ်တွေထံ ပြန်သွားနိုင်ရေး ရည်ရွယ်ချက်တွေကို အောင်မြင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ရာဖာမြို့ဟာ ဟားမတ်စ်ရဲ့ နောက်ဆုံးအမာခံနယ်မြေဖြစ်တယ်လို့ ယင်းမြို့ကို စစ်ဆင်ရေးမလုပ်မီ မေလအတွင်းမှာ အစ္စရေးခေါင်းဆောင်တွေက အခိုင်အမာပြောဆိုခဲ့ကြပါတယ်။

နေတန်ယာဟုကလည်း ဂါဇာမှာ ဟားမတ်စ်နဲ့ ပြင်းထန်တဲ့စစ်ပွဲအဆင့် ပြီးဆုံးတော့မှာဖြစ်ကာ စစ်တပ်ဟာ လက်ဘနွန်နဲ့နယ်စပ် အစ္စရေးမြောက်ပိုင်းကို ပြောင်းရွှေ့အာရုံစိုက်ရနိုင်တယ်လို့ ပြီးခဲ့တဲ့လမှာ ပြောဆိုထားခဲ့ပါတယ်။

Ref: စီအန်အန်


LEAVE A REPLY

Please enter your comment!
Please enter your name here