ကနေဒါနိုင်ငံသား ၉၉ ဦးကို ရုရှား ပြည်ဝင်ခွင့် ပိတ်ပင်

0
56

ကနေဒါနိုင်ငံသား ၉၉ ဦးကို ရုရှားနိုင်ငံသို့ ပြည်ဝင်ခွင့်အား ပိတ်ပင်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

“ရုရှားဆန့်ကျင်ရေး ပိတ်ဆို့အရေးယူမှု၏ နောက်ထပ်လှိုင်းများနောက်တွင် ကနေဒါမှ Justin Trudeau အစိုးရသည် အမေရိကန်နှင့်တွဲဖက်ကာ ယူကရိန်း၏ နာဇီလိုလားသော အာဏာပိုင်များအား ‘ကိုယ်ကျင့်တရားဆိုင်ရာ ပံ့ပိုးကူညီမှု’ ကို ကမ်းလှမ်းကူညီနေသည့် ကာလတလျှောက်လုံးတွင်၊ ရုရှားနိုင်ငံသို့ ဝင်ရောက်ခွင့်အား ပိတ်ပင်လိုက်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ပိတ်ပင်ခံရသူများတွင် ကနေဒါနိုင်ငံ Justin Trudeau အစိုးရ အဖွဲ့အား ကျောထောက်နောက်ခံပေးနေသည့် စီးပွားရေးသမားများနှင့် ကာကွယ်ရေးကုမ္ပဏီများ၏ မန်နေဂျာများ၊ ကျွမ်းကျင်သူများနှင့် မီဒီယာအမှုဆောင်များကဲ့သို့သော ကူညီသူများ၊ ကနေဒါနိုင်ငံ ဥပဒေပြုသူများနှင့် အဆင့်အမျိုးမျိုးမှ အရာရှိများ ပါဝင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here