သီပေါမြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ဒေသခံ (၅)ဦး ပြင်းထန်ဒဏ်ရာများရရှိ

0
61

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့တွင် ယမန်နေ့ ဇူလိုင် (၁) ရက်၊ ညနေ(၆)နာရီခွဲအချိန်က လက်နက်ကြီးကျရောက် ပေါက်ကွဲကာ ဒေသခံ ပြည်သူ (၅)ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကျည်မှာ သီပေါမြို့ ၊ စံဖိတ်ကွက်သစ်အတွင်းသို့ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဒေသခံ အမျိုးသမီး(၃)ဦးနှင့် အမျိုးသား(၂)ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြခြင်းဖြစ်သည်။

“အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးက မစိုးရိမ်ရဘူး၊ နောက်ထပ်အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက ပေါင်နဲ့ ခါးတွေမှာ ပြင်းထန်ဒဏ်ရာရတယ်”ဟု ဒေသခံတစ်ဦးကဆိုသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများကို မြို့နယ်ဆေးရုံသို့ပို့ဆောင်ထားရပြီး သီပေါမြို့အတွင်း လက်နက်ကြီးကျရောက်မှုများကြောင့် ဒေသခံအချို့ဘေးလွတ်ရာသို့ တိမ်းရှောင်မှုများလည်းရှိကြောင်း သိရသည်။

ဓာတ်ပုံ-နယ်စည်းမခြားပရဟိတ(သီပေါ)


LEAVE A REPLY

Please enter your comment!
Please enter your name here