မုံရွာပြည်သူ့ ဆေးရုံကြီးတွင်ကုသမှုခံယူ‌နေသည့် ဒဏ်ရာရ ခရီးသွားများအားတာဝန်ရှိသူများက သွားရောက်အားပေး

0
49

ဇွန်လ (၃၀) ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ခရီးသည်တင်ယာဉ်များ ဖောက်ခွဲပစ်ခတ်ခံရမှုကြောင့်  ဒဏ်ရာရခဲ့ကြပြီး မုံရွာဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည့် ခရီးသွားများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကသွားရောက်အားပေးစကားများ ပြောကြားပြီးထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွန်လ (၃၀) ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မှ မုံရွာသို့ မောင်းနှင်ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်များအား ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီးတွင် PDF အဖွဲ့များက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ခရီးသွားပြည်သူတစ်ဦး ‌ေ-သဆုံးခဲ့ပြီး သံဃာတော် နှစ်ပါးအပါအဝင် ခရီးသွားပြည်သူ (၂၃) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်အတွက် မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူ စေခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု အားပေးစကားများပြောကြားကာ ထောက်ပံ့ငွေများနှင့်အာဟာရ ဖြည့်စွက်စာများအား ထောက်ပံ့ပေးအပ်ခဲ့ကြပြီး လိုအပ်သည့် ကုသရေးလုပ်ငန်းများအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here