လားရှိုး – သီပေါ လမ်းပိုင်းအတွင်း အဓိက ကျသည့် စဉ့်အင်ဖောင်ဆိပ် ယနေ့ ပြန်လည် ဖြတ်သန်းခွင့်ပြု

0
73

လားရှိုး – သီပေါ လမ်းပိုင်းအတွင်း အဓိကကျသည့် စဉ့်အင်ဖောင်ဆိပ်အား ယနေ့ ဇူလိုင်(၂)ရက် နံနက်ပိုင်းတွင် ပြန်လည် ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖောင်ဆိပ်အား မကြာမဏ ဖြတ်သန်းခွင့် ပိတ်နေရခြင်းသည် ဖောင်ကြံ့ခိုင်မှုအား ပြန်လည်စစ်‌ဆေးပြုပြင်နေရခြင်းကြောင့်ဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယမန်နေ့က သီပေါမြို့တွင် လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာရရှိခဲ့သူ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ကိုလည်း အဆိုပါ စဉ့်အင်ဖောင်ဆိပ်မှတဆင့် ယနေ့ ဇူလိုင် (၂) ရက်တွင် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသေးသည်။

လက်ရှိတွင် မန္တလေး – လားရှိုးသို့ ယာဉ်များ ပုံမှန်သွားလာနေကြပြီး စဉ့်အင်ဖောင်ဆိပ်ကိုလည်း ယခင်အတိုင်းဖြတ်သန်းခွင့်ပြုနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်(၂၅)ရက်က တစ်ကျော့ပြန်ဖြစ်ပွားလာသော ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အနီး တိုက်ပွဲများကြောင့် ဒေသတွင်း ခရီးသွားယာဉ်များ ရပ်နားထားရသလို လမ်းပိုင်းအခြေအား သတိထားသွားလာနေရသည့်အခြေအနေများ ကြုံတွေ့နေရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here