ဖားကန့် ငှက်ပျောတောရပ်ကွက် ရေကြီးမှုဖြစ်စဉ်အတွင်း လှေမှော-က်၍ ရေစီးဖြင့် မျောပါပျောက်ဆုံးနေသူ အမျိုးသမီးရုပ်အလော-င်းပြန်လည်တွေ့ရှိ

0
79

ဖားကန့် မြို့၊ ငှက်ပျောတောရပ်ကွက် ၊ ရေကြီးမှုဖြစ်စဉ်အတွင်း လှေမှော-က်၍ ရေစီးဖြင့် မျောပါပျောက်ဆုံးသွားသည့် အမျိုးသမီး၏ ရုပ်အလေ-ာင်းအား ပြန်လည်တွေ့ရှိပြီဖြစ် ကြောင်း ကွန်းဖောင်ဒေးရှင်းတာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

အဆိုပါ အမျိုးသမီးမှာ ဖားကန့်မြို့၊ ငှက်ပျောတော ရပ်ကွက်တွင်နေထိုင်သည့် ဒေါ်မိုးအေး ဆိုသူဖြစ်ကာ ယမန်နေ့ ဇူလိုင်(၁)ရက်၊ ည(၇)နာရီ အချိန်၌ အဆိုပါရပ်ကွက် အောက်လမ်းရှိ ဦးဝေလင်း အကင်ဆိုင်အနီး၌ လှေမှော-က်ရာမှ ရေစီးဖြင့် မျောပါပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

” အခု ညနေပိုင်းမှာ ပြန်တွေ့ပါပြီ။ သူလှေမှော-က်တဲ့ ငှက်ပျောတော့ရပ်ကွက်အတွင်းမှာပဲ”ဟု ၎င်းက ပြောသည်။

ယမန်နေ့ ညပိုင်းက ဖားကန့်မြို့ပေါ်ရပ်ကွက်များရေကြီးရေလျှံဖြစ်ပေါ်ခဲ့ရာတွင် မြို့မရပ်ကွက်အတွင်း (၅၃၄)ဦး၊ ငှက်ပျောတောရပ်ကွက်တွင် (၇၅၀)ဦး၊ မရှီကတောင်ရပ်ကွက် (၂၅၀)ဦးနှင့် အေးမြသာယာရပ်ကွက်တွင် (၇၂၄)ဦး စုစုပေါင်း ရေဘေးသင့်ပြည်သူ(၂၂၅၈) ဦး ရှိကြောင်း ဒေသတွင်း ရေဘေးကူညီရေးအဖွဲ့တစ်ခုထံမှ သိရသည်။

လက်ရှိတွင် ဖားကန့်မြို့၊ လုံးခင်ကျေးရွာအုပ်စု၊ ကံဆီးကျေးရွားနှင့် လုံးခင်းကျေးရွာတို့တွင်လည်း ရေပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။

လုံးခင်းကျေးရွာ ရေကြီးမှုဖြစ်စဉ်၌ ဥရုချောင်းအစပ်ရှိ “ကောင်းပြည့်” စက်သုံးဆီဆိုင်မှာ ရေစီနှင့်မျောပါသွားခဲ့ရပြီး လူထိခိုက်‌ေ-သဆုံးမှုမရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here