ယူကရိန်းလေယာဉ်ကွင်းကို တိုက်ခိုက်ခဲ့မှုအတွင်း SU-27 တိုက်လေယာဉ် ၅ စင်းကို ဖျက်ဆီးပစ်နိုင်ခဲ့ဟု ရုရှား ပြောကြား

0
84

ယူကရိန်းနိုင်ငံ Poltava ဒေသရှိ Myrhorod လေယာဉ်ကွင်းကို အစ္စကန်ဒါ-အမ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ ယူကရိန်း SU-27 တိုက်လေယာဉ် ၅ စင်း ပျက်စီးခဲ့သလို အခြား နှစ်စင်း ထိခိုက်မှုရှိခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဋ္ဌာနက အင်္ဂါနေ့(ဇူလိုင် ၂) မှာ ပြောဆိုပါတယ်။

လေယာဉ်ကွင်းဆီကနေ မီးခိုးလုံးတွေနဲ့ မီးတောက်တွေ ထွက်ပေါ်နေခဲ့တဲ့ တိုက်ခိုက်မှု ဗီဒီယိုဖိုင်ကိုလည်း ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ရောက်ရှိလာတော့မယ့် အမေရိကန်လုပ် F-16 တိုက်လေယာဉ် ပထမအသုတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတဲ့ ယူကရိန်း လေယာဉ်ကွင်းတွေကို ရုရှားက ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်နေတာဖြစ်ပါတယ်။ ယင်းလေယာဉ်တွေ ယူကရိန်းကို ရောက်ရှိလာခဲ့ရင် ဖျက်ဆီးပစ်မယ်လို့ ရုရှားက ကြိမ်ဝါးထားတာလည်းဖြစ်ပါတယ်။

F-16 တိုက်လေယာဉ် ပထမအသုတ်ဟာ ယခုလအတွင်း ယူကရိန်းကို ရောက်ရှိလာမယ်လို့ မျှော်လင့်ရပြီး F-16 တွေနဲ့ glide ဗုံးတွေကို ရုန်းကန်နေရတဲ့ တပ်ဖွဲ့တွေအတွက် တိုက်စွမ်းရည်မြှင့်ပေးနိုင်မယ်လို့ ယူကရိန်းက မျှော်လင့်ထားပါတယ်။

Arab News, Kathmandu Post


LEAVE A REPLY

Please enter your comment!
Please enter your name here