MNL U-20 Youth League 2024 week(4)အပြီး ရှမ်းယူနိုက်တက် ရမှတ်(၁၀)မှတ်ဖြင့် ထိပ်ဆုံးတွင်ရပ်တည်

0
72

MNL U-20 Youth League 2024 week(4)အပြီး ရှမ်းယူနိုက်တက် ရမှတ် (၁၀)မှတ်ဖြင့် ကလပ်အသင်းအားလုံး၏ ထိပ်ဆုံးနေရာ၌ ရပ်တည်နေကြောင်း ဇူလိုင်(၂)ရက်တွင် မြန်မာနေရှင်နယ်လိဂ်ကော်မတီက အသိပေးကြေညာထားသည်။

ဒုတိယ နေရာတွင် ဒဂုံစတားယူနိုက်တက်အသင်းက ရမှတ် (၈)မှတ်ဖြင့် ရပ်တည်နေကာ တတိယ နှင့် စတုတ္ထနေရာများတွင် ISPE အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့က ရမှတ် (၇)မှတ်စီဖြင့် ရပ်တည်နေကြသည်။

အလားတူ အဆင့် (၅)၊ (၆)နှင့်(၇) နေရာများတွင် ရန်ကုန်ယူနိုက်တက်အသင်း၊ Junior Lions အသင်း၊ ရတနာပုံအသင်းတို့က ရမှတ် (၆)မှတ်စီဖြင့် အသီးသီး ရပ်တည်နေကြသည်။

လက်ရှိတွင် အမှတ်ပေးဘောလုံးပြိုင်ပွဲ Week-5 ပွဲစဉ်များ ယှဉ်ပြိုင်ကစားလျက်ရှိရာ ဒဂုံပေါ့စ်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်း၊ ရှမ်းယူနိုက်တက်အသင်းနှင့် မြဝတီအ သင်း၊ ရခိုင်ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း၊ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ISPE အသင်း၊ ရတနာပုံအသင်းနှင့် မဟာယူနိုက်တက်အသင်း၊ သစ္စာအားမာန်အသင်းနှင့် Junior Lions အသင်းတို့ အသီးသီးတွေ့ဆုံနေကြသည်။

MNL U-20 Youth League 2024 ပြိုင်ပွဲအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူး၍ ဇွန်(၁)ရက်မှစတင်၍ Week(1)ပွဲစဉ်ယှဉ်ပြိုင်ကစားကြခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် အသင်း (၁၃)သင်း ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

အဆိုပါ ယူ-၂၀ ပြိုင်ပွဲတွင် ဧရာဝတီယူနိုက်တက်၊ ဒဂုံပေါ့၊ ဒဂုံစတားယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ISPE၊ ဂျူနီယာလိုင်းယွန်း၊ မဟာယူနိုက်တက်၊ မြဝတီ၊ ရခိုင်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ သစ္စာအားမာန်၊ ရတနာပုံနှင့် ရန်ကုန်ယူနိုက်တက်တို့ ပါဝင်ယှဉ်ပြိုင်လျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here