Online Trading Platform မှတဆင့် အမေရိကန်ဒေါ်လာ (၅) သန်းရောင်းချပေး

0
52

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေကြေးဈေးကွက်တွင် Online Trading Platform မှတဆင့် အမေရိကန်ဒေါ်လာ (၅) သန်းကို ဇူလိုင် (၂) ရက်က ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် Online Trading Platform မှတဆင့်ဖေဖော်ဝါရီ (၂) ရက်မှစတင်၍ ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များ ရောင်းချပေးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၂၆) ရက်တွင်လည်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှတဆင့် ထိုင်းဘတ်သန်း (၄၀) ကို ထုတ်ရောင်းပေးထားသည်။

ယင်းကြောင့် ငါးလအတွင်း (၁၅) ကြိမ်ရောင်းချပေးထားပြီး စုစုပေါင်းနိုင်ငံခြားငွေပမာဏ ဒေါ်လာ ၄၁ သန်း၊ တရုတ်ယွမ် ၃၁ ဒသမ ၅ သန်းနှင့် ထိုင်းဘတ် ၂၃၆ သန်း ‌ရောင်းချထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

ဗဟိုဘဏ်အနေဖြင့် Online Trading Platform အပြင် အခြားနည်းလမ်းများဖြင့် နိုင်ငံခြားငွေများကို ရောင်းချပေးလျက်ရှိပြီး လက်ရှိအချိန်အထိ စုစုပေါင်း ဒေါ်လာ ၂၀၈ သ န်းကျော်၊ ထိုင်းဘတ် ၁၅၄၉ သန်းကျော်နှင့် တရုတ်ယွမ် ၅၄ သန်းကျော်အထိ ရောင်းချပေးထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိ နိုင်ငံခြားငွေကြေးပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၄၅၈၀ ကျပ်၊ တစ်ယွမ် ၆၃၃ ကျပ်နှင့် တစ်ဘတ် ၁၂၅ ကျပ် ဖြစ်ကြောင်း ယင်းဈေးနှုန်းသည် ယနေ့ငွေလဲနှုန်းများဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here