မြစ်ကြီးနားတွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးရှောင်စခန်း (၃၇) ခုထိ ဖွင့်လှစ်ခဲ့ရ

0
57

ကချင်ပြည်နယ်အတွင်း မေခနှင့် မလိခမြစ်အထက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် ဇွန် (၃၀) ရက်၊ နံနက်ပိုင်းမှစတင်ပြီး မြင့်တက်လာခဲ့ရာ ဇူလိုင် (၁) ရက်တွင် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်အထက် ၁၄ ၀၆ စင်တီမီတာအထိ အမြင်ဆုံးမြင့်တက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ မြစ်ရေတတ်မှုကြောင့် မြို့ပေါ် (၂၈) ရပ်ကွက်တွင် (၁၇) ရပ်ကွက်နှင့် အာလမ်ကျေးရွာတို့တွင် ရေဝင်ရောက်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာ အမြန်ဆုံးကယ်ဆယ်နေရာချထားပေးနိုင်ရေး ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ ရေဝင်ရပ်ကွက်များအား အပိုင်းလိုက်တာဝန်ခွဲဝေချထားပြီး ရေယာဉ်၊ ကားများ စနစ်တကျစုဖွဲ့၍ ရှာဖွေကယ်ဆယ်‌ရေးလုပ်ငန်းများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာများရှိ လူမှုကူညီရေးအသင်းများက ညအချိန်အထိ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြစ်ရေမြင့်တက်မှုဖြစ်စဉ်ကြောင့် ရေဘေးလွတ်ရာ ဘုန်းတော်ကြီး ကျောင်းများနှင့် အခြေခံပညာကျောင်းများတွင် ရေဘေးရှောင်စခန်း (၃၇)ခုထိ ဖွင့်လှစ်ခဲ့ရပြီး အိမ် ထောင်စု စုစုပေါင်း (၂၀၆၄) စုတို့အား ကူညီကယ်ဆယ်ပေးခဲ့ကြရကြောင်း သိရသည်။

ဧရာဝတီမြစ်ရေသည် ဇွန်လ (၂) ရက်နံနက်အစောပိုင်းမှစတင်၍ မြစ်ရေသည် ပြန်လည်ကျဆင်းလာခဲ့ပြီး မွန်းလွဲ (၂) နာရီတိုင်းထွာချက်အရ ၁၂၅၁ စင်တီမီတာအထိ ကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် မြစ်ရေမြင့်တက်လာမှုကြောင့် ပြည်သူများအားရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြည်သူများထိခိုက်မှု အနည်းဆုံးဖြင့် အချိန်နှင့်တစ်ပြေးညီ စနစ်တကျစုဖွဲ့၍ ရှာဖွေကယ်ဆယ်နိုင်ခဲ့မှု အခြေအနေများ၊ မြစ်ကြီးနားမြစ်ရေကျဆင်းပြီး ဗန်းမော်မြို့၊ ရွှေကူမြို့တို့တွင် မြစ်ရေမြစ်တက်လာနိုင်မှုအပေါ် ကြို တင်စီမံဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ တနိုင်းနှင့်ဖားကန့်တို့တွင် သဘာဝဘေးဖြစ်စဉ် ဖြစ်ပွားမှု/ဖြစ်ပေါ်နိုင်သည့် အခြေအနေများ၊ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပါကပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးနှင့် ကနဦးလိုအပ်ချက်များ စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေး၊ လိုအပ်ချက်များဆန်းစစ်ဖော်ထုတ်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေးဆိုင်ရာကိစ္စရပ်များကို စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များတွင် ရေဝင်ရောက်ခဲ့ပြီး ဝိုင်းမော်မြို့နယ်အတွင်း ဝိုင်းမော်မြို့ပေါ်ရပ်ကွက်များ အပါအဝင် စန်းကား၊ နောင်တာလော၊ မုတ်လွဲ၊ မိုင်းနား၊ မခန္တီး၊ နောင်ချိန်း ကျေးရွာများတွင်လည်း ရေဝင်ရောက်ခဲ့မှုကြောင့် မြို့ နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်၍ နီးစပ်ရာဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာ န်ဘာသာရေးကျောင်းများနှင့် အခြေခံပညာကျောင်းများတွင် ရေဘေးရှောင်စခန်းပေါင်း (၁၂) ခုဖွင့်လှစ်၍ ကူညီကယ်ဆယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here