ယခုနှစ်ဝက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ၆ ဆခန့် လျော့ကျလာ

0
38

ယခု ၂၀၂၄ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ၆ ဆခန့် လျော့ကျလာကာ နှစ်ဝက်အတွင်း ၁၃၀၀ ကျော်သာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးအ တိုင်းအတာအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု သည်ယခုနှစ် ဇန်နဝါရီလ (၁) ရက်မှ ဇွန်လ (၁၅) ရက်အထိ (၁၃၀၉) ဦးနှင့် သေဆုံး သူ (၃) ဦးရှိကြောင်းလည်း သိရသ ည်။

အဆိုပါ (၁၃၀၉) ဦးအနက် ယခုနှစ်တွင်မူ ရန်ကုန်တိုင်းဒေ သကြီး၌ ရောဂါဖြစ်ပွားသူ (၄၂၆)ဦးဖြင့် အများဆုံးရှိခဲ့ခြင်းဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းသည် ကျေးလက်ဒေသနှင့် မြို့များတွင် ကွာခြားမှုမရှိကာ မြို့ပေါ် ဖြစ်ပွားမှု ၅၃ ရာခိုင်နှုန်းနှင့် ကျေးလက်ဒေသ၌ ဖြစ်ပွားမှု ၄၇ ရာခိုင် နှုန်း ရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ကျဆင်းလာရခြင်းသည် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာန၏ ဦးဆောင်မှုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် အဘိတ်ဆေးခတ်ခြင်း၊ ပိုးလောက်လန်း နှိမ်နင်းခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မှုများနှင့်အတူ ပြည်သူများ၏ လိုက်နာမှုကြောင့် သိသာစွာလျော့ နည်း ကျဆင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းဇယားများအရ ယခင် ၂၀၂၂ ခုနှစ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၄,၉၇၁ ဦးအထိ ရှိခဲ့သကာ ယခု ၂၀၂၃ ခုနှစ်၌ ဖြစ်ပွါးသူ ၁၆,၂၀၇ ဦး ရှိခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here