ကျွန်းတောလမ်းနှင့် ဗဟိုလမ်းအား နှစ်လမ်းမောင်းအဖြစ် ပြန်လည် သတ်မှတ်ပေး

0
53

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ကျွန်းတောလမ်းမကြီးနှင့် ဗဟိုလမ်းမကြီးအား ယခင်က တစ်လမ်းမောင်း သတ်မှတ်ထားရာမှ ဇူလိုင် (၂)ရက် နံနက်ပိုင်းမှ စတင်၍ နှစ်လမ်းမောင်းအဖြစ် ပြန်လည်သတ်မှတ်ပေးလိုက်ပြီဖြစ်ကြောင်း စမ်းချောင်းမြို့ ဒေသခံများထံမှ သိရသည်။

စမ်းချောင်း မြို့နယ်အတွင်းရှိ ကျွန်းတောလမ်းမကြီး (ဟံသာဝတီလမ်းထိပ်မှ ဗားကရာလမ်းထိပ်ထိ)ကို တစ်လမ်းမောင်း မှ နှစ်လမ်းမောင်းအဖြစ် ပြန်လည်သတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်။

“လှည်းတန်း ဗဟိုလမ်းဘက်ကနေ စမ်းချောင်း ဂွဈေးဘက် သွားမယ်ဆို ဟံသာဝတီ အဝိုင်းကနေ အောက်ကြည်မြင်တိုင်လမ်းကို ကွေ့ပြီး ဗားကရာဘက်ကနေ ပတ်သွားရတော့ ဝေးတာပေါ့။ ကျွန်းတောလမ်းဆိုလည်း ဗားကရာဘက်ကနေ ဝင်မရဘူး။ ခုတော့ နှစ်လမ်းလုံး ပြန်ခွင့်ပြုတော့ အဆင်ပြေသွားတာပေါ့။”ဟု စမ်းချောင်းမြို့တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

အလားတူ ဗဟိုလမ်းမကြီး (ဗားကရာလမ်းထိပ်မှ ဟံသာဝတီလမ်းထိပ်ထိ)ကိုလည်း ယခင် တစ်လမ်းမောင်း သတ်မှတ်ထားရာမှ နှစ်လမ်းမောင်းအဖြစ် ပြန်လည်သတ်မှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်မြို့တွင် တစ်လမ်းမောင်းအဖြစ် သတ်မှတ်ထားသည့် လမ်းအချို့အား လက်ရှိ အချိန်တွင် ဖြေးဖြေးချင်း ပြင်ဆင်ဖြေလျော့ပေး၍ နှစ်လမ်းမောင်းလမ်းများအဖြစ် ပြန်လည်သတ်မှတ်ပေးနေကြောင်း သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here