ဖားကန့် လုံးခင်းရေကြီးမှုတွင် “ကောင်းပြည့်” စက်သုံးဆီဆိုင် ရေစီးကြောင့် မျောပါဆုံးရှုံး၊ လူထိခိုက်‌ေ-သဆုံးမှုမရှိခဲ့

0
52

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရေကြီးမှုဖြစ်စဉ်အတွင်း “ကောင်းပြည့်”စက်သုံးဆီဆိုင် ရေစီးဖြင့် မျောပါမှုဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်‌ေ-သဆုံးမှုမရှိခဲ့ကြောင်း လုံးခင်း လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ စက်သုံးဆီဆိုင်မှာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရေကန်တစ်ခုအနီး တည်ရှိသည့်အတွက် မိုးရွာသွန်းမှုကြောင့် အဆိုပါ ရေကန်ပြိုကျ၍ ရေပေါက်ထွက်လာခြင်းနှင့် ဥရုချောင်း ရေစီးနှင့်ပေါင်းမိရာမှ မျောပါပျက်ဆီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်က ကျောက်စိမ်းလုပ်ကွက်ဟောင်းကနေ ရေကန်ကြီးဖြစ်နေတဲ့နေရာနဲ့ ဥရုချောင်းရဲ့ အနီးမှာရှိတာကြောင့် ရေကန်မြေပြိုပြီး ‌ကျလာတဲ့ရေနဲ့ ဥရုချောင်းရေပေါင်းပြီးစီးတော့ အဲဒီဆီဆိုင်ရေစီးနဲ့မျောပါသွားတာပါ။ လူထိခိုက်‌ေ-သဆုံးမှုမရှိပါဘူး။”ဟု ၎င်းက ရှင်းပြသည်။

ယမန်နေ့ ညနေပိုင်းတွင် ဖားကန့်ရေပြန်လည်ကျဆင်းသွာပြီဖြစ်ကာ အဆိုပါ ဆီဆိုင်အတွင်းရှိ ဆီပေပါများကို လိုက်လံဆယ်ယူနေကြပြီး ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကို မသိရသေးကြောင်း သိရသည်။

လက်ရှိတွင် ရေပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် လုံးခင်းကျေးရွာအတွင်း ရေကြီးစဉ်အချိန်က မျောပါခဲ့သော ပစ္စည်းများနှင့် အမှိုက်များကို ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့များက ရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here