ယခုဘဏ္ဍာနှစ်၏ (၃)လအတွင်း ပြည်ပကုန်သွယ်မှု ယမန် နှစ်ထက် ကန်ဒေါ်လာ တစ်ဘီလီယံကျော် ကျဆင်းခဲ့

0
63

ယခုဘဏ္ဍာနှစ်၏ (၃)လတာကာလအတွင်း ပြည်ပကုန်သွယ်မှုကို ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ တစ်ဘီလီယံ ကျော်ကျဆင်းခဲ့ရခြင်းမှာ နယ်စပ်ကုန်သွယ်မှု ပုံမှန်မဆောင်ရွက်နိုင်ခြင်းကြောင့်ဖြစ်ပြီး ပင်လယ်ရေကြောင်းတစ်ခုတည်းကသာ ကုန်သွယ်မှုပြုလုပ်နေရခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ဧပြီ (၁) ရက်မှ ဇွန် (၂၁) ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ဒေါ်လာ ၆ ဒသမ ၂၂၃ ဘီလျံသာရှိပြီး ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၇ ဒသမ ၇၁၇ ဘီလျံအထိ ရရှိခဲ့သည့်အတွက် ပြည်ပကုန်သွယ်မှု ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၄၉၃ ဘီလျံလျော့ကျနေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ တိုက်ပွဲများဖြစ်ပြီးနောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ခဲ့သလို ရခိုင်ပြည်နယ်တွင်လည်း တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးရပ်တန့်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ကုန်သွယ်မှုများကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်နှင့် လာအိုနိုင်ငံတို့ဖြင့် ကုန်သွယ်ရေးစခန်း (၁၅) ခုဖွင့်လှစ် ဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းအနက် တရုတ်နယ်စပ်နှင့် ထိုင်းနယ်စပ်တို့တွင် ကုန်သွယ်ရေးစခန်း (၁၁) ခုထိဖွင့်လှစ်ကာ အဓိက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here