တောင်တရုတ်ပင်လယ်ဆိုင်ရာ တင်းမာမှုတွေ ဖြေလျှော့ရေး တရုတ်နဲ့ ဖိလစ်ပိုင် သဘောတူ

0
57

အငြင်းပွား Second Thomas Shoal သောင်ခုံကျွန်းအနီး ဖိလစ်ပိုင်စစ်သားတစ်ဦး ဒဏ်ရာရခဲ့တဲ့ တိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့ကာ ပြင်းထန်တဲ့ ပဋိပက္ခပေါ်ပေါက်သွားနိုင်တဲ့ အန္တရာယ်မြင့်တက်နေခဲ့မှုအပြီး သီတင်းနှစ်ပတ်အကြာမှာ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ယုံကြည်မှု ပြန်လည်တည်ဆောက်သွားဖို့ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ သဘောတူညီခဲ့ကြကြောင်း သိရပါတယ်။

ဇူလိုင် ၂ ရက်နေ့က မနီလာမှာ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ နှစ်ဖက်တာဝန်ရှိသူတွေ ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ကြအပြီးမှာ သဘောတူညီချက် ရရှိခဲ့တာဖြစ်ပါတယ်။ ယင်းဆွေးနွေးပွဲကို တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Chen Xiaodong နဲ့ ဖိလစ်ပိုင် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Theresa Lazaro တို့ ဦးဆောင်ပြုလုပ်ခဲ့တာပါ။

ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့၊ အကျိုးဖြစ်ထွန်းသော ဆွေးနွေးမှုနဲ့ အပြန်အလှန်ဆက်ဆံရေးအတွက် အထောက်အကူဖြစ်စေမယ့် အခြေအနေတွေ ဖန်တီးဖို့ လိုအပ်ကြောင်းကို နှစ်ဖက်စလုံးက အသိအမှတ်ပြုခဲ့တယ်လို့ ဇွန် ၂ ရက်မှာ ဖိလစ်ပိုင်က ပြောဆိုခဲ့ပါတယ်။

နှစ်ဖက်စလုံးက Ayun Shoal သောင်ခုံကျွန်းနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ ရပ်တည်ချက်တွေအပေါ် ဆွေးနွေးခဲ့ကြပြီး ဘက်အသီးသီးရဲ့ ရပ်တည်ချက်တွေကို မထိခိုက်စေဘဲ တင်းမာမှုတွေ လျှော့ချကြရေး ကတိကဝတ်ကို အတည်ပြုခဲ့တယ်လို့ဖိလစ်ပိုင်ဘက်က ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပြီး သိသာထင်ရှားတဲ့ ကွဲပြားချက်တွေ ကျန်ရှိနေသေးတယ်လို့လည်း ဆိုခဲ့ပါတယ်။ Ayungin ဟာ Second Thomas Shoal ရဲ့ ဒေသအခေါ်နာမည်ဖြစ်ပါတယ်။

ဇူလိုင် ၂ ရက် ဆွေးနွေးမှုတွေဟာ တောင်တရုတ်ပင်လယ်ဆိုင်ရာ နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးရေး ယန္တရားရဲ့ နဝမအကြိမ်မြောက် dialogue လို့ ခေါ်တွင်ပြီး ယင်းဆွေးနွေးပွဲတွေကို ၂၀၁၇ ခုနှစ်စတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂိုဒူတာတေးတို့က ယင်း dialogue ကို ထူထောင်ဖို့ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ ယင်း dialogue ရဲ့ နောက်ဆုံးအကြိမ် ဆွေးနွေးမှုကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက်မှာ ပြုလုပ်ထားခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here