ရွှေကူမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေး

0
43

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရှိ လူနေအိမ်ခြံဝန်းနှင့် လမ်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိရာ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ကာ ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။

ရေဘေးသင့် နေထိုင်ရန်အခက်ခဲရှိသော အိမ်ထောင်စုအချို့ အား တပ်မ(၈၈)ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး အောင်သူရနှင့် တပ်မတော်သားများ၊ နယ်မြေခံ တပ်မှ တပ်မတော်သားများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရေကြီးနစ်မြုပ်၍ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ရွှေ့ပြောင်းနေထိုင်ကြသော ရေဘေးသင့် အိမ်ထောင်စုများအား ယနေ့ ဇူလိုင် (၃)ရက်၊ နံနက် (၁၀) နာရီခန့်က အခြေခံစား သောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်၏ စိုးရိမ်ရေ အမှတ်မှာ(၉၃၀)စင်တီမီတာဖြစ်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင် (၃) ရက်၊ နံနက် (၁၁) နာရီခွဲအချိန်နှင့် (၁၂) နာရီအချိန်တိုင်းတာချက်များအရ ဧရာဝတီမြစ်ရေမှာ (၉၉၅)စင်တီမီတာအထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။

မြေနိမ့်ပိုင်းရှိ အိမ်ထောင်စုများအနေဖြင့် အမှတ် (၄)ရပ်ကွက်၊ သူဌေးတောရဘုန်းတော်ကြီးကျောင်း၊ မြဝတီဘုန်းတော်ကြီးကျောင်း၊ အမှတ်(၃)ရပ်ကွက်၊ ပုပ္ပါရုံဘုန်းတော်ကြီးကျောင်း၊ အောင်တော်မူဘုရားဝန်း၊ အမှတ်(၂)ရပ်ကွက် ရွှေမြင်းတင်ခန်းမတို့တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။

ထိုသို့ပြောင်းရွှေ့လာသော အိမ်ထောင်စုများအားတပ်မ(၈၈) ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးအောင်သူရမှ တစ်အိမ်ထောင်လျှင် ကြက်ဥ(၁၀)လုံး၊ ခေါက်ဆွဲခြောက် (၁၀)ထုတ် ၊ငွေ(၁၀ ၀၀ဝိ/)ကျပ်၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်းဖြင့် ထောက်ပံ့ ပေးအပ်ခဲ့ပြီး တပ်မတော် ဆေးတပ်ဖွဲ့မှ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here