အိန္ဒိယ၌ မိုးကြီးရေလျှံ၍ လူ ၁၁ ဦးထက်မနည်း‌ေ-သဆုံး

0
70

နူးဒေလီ၊ဇူလိုင် ၃

အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့ရာလူ ၁၁ ဦး ထက်မနည်း ‌ေ-သဆုံးပြီး သိန်းနှင့်ချီသောသူများသည် ရေဘေးဒဏ်ကို ခံနေရကြောင်း ပြည်နယ်နှစ်ခုမှတာဝန်ရှိသူများက ဇူလိုင်လ၂ ရက်တွင်ပြောကြားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံ၏ လူဦးရေအများဆုံးပြည်နယ်ဖြစ်သည့် အူတရာပရာဒက်ရှ်၌ ၂၄ နာရီအတွင်း မိုးရွာသွန်းမှုကြောင့် လူကိုးဦး‌ေ-သဆုံးခဲ့ကြောင်းလည်းသိရသည်။

ဇွန်လ ၁၆ ရက်ကစပြီး ဒုတိယအကြိမ် ရေကြီးရေလျှံမှုဒဏ်ကိုခံခဲ့ရသည့် အာသံပြည်နယ်အရှေ့မြောက်ပိုင်းတွင်လည်း တနင်္လာနေ့ကလူနှစ်ဦး‌ေ-သဆုံးခဲ့ပြီး ခရိုင် ၁၉ ခုရှိ လူပေါင်း ၆၀,၀၀၀ ကျော်ထိခိုက်ကာလူ ၈,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယ၏အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့မြောက်ပိုင်းဒေသတွင်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် အိန္ဒိယမှရေစီးကြောင်းများကြောင့်ရေကြီးရေလျှံမှုသည် ပိုမိုမြန်စွာဆိုးရွားလာခဲ့ပြီး လူထောင်ပေါင်းများစွာ သောင်တင်နေခဲ့ကြောင်း လည်းတာဝန်ရှိသူများကပြောကြားခဲ့သည်။

Source : ရိုက်တာ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here