ဂါဇာရှိ ပါလက်စတိုင်းအရပ်သား ၂ သန်းနီးပါး အိုးအိမ်မဲ့ဖြစ်–ကုလ

0
65
Palestinians walk past buildings destroyed during previous Israeli bombardments and tents sheltering displaced people, in Khan Yunis in the southern Gaza Strip on July 3, 2024, amid the ongoing conflict between Israel and the Palestinian Hamas militant group. (Photo by Eyad BABA / AFP)

ကုလသမဂ္ဂ၊ဇူလိုင် ၃

ဂါဇာကမ်းမြောင်ဒေသဆိုင်ရာ ကုလသမဂ္ဂ၏လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးက လူပေါင်း ၁ ဒသမ ၉ သန်းသည် ယခုအခါ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်းနှင့် ခန်းရိုနစ်မှ ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းရန်အမိန့်အသစ်များ ထွက်လာသဖြင့် အလွန်စိုးရိမ်မိကြောင်းပြောကြားခဲ့သည်။

အစ္စရေးတပ်၏ အဆိုပါပြောင်းရွှေ့အမိန့်သည် ဂါဇာအရပ်သား နှစ်သိန်းငါးသောင်းကျော်ကိုထိခိုက်စေနိုင်ခဲ့ကြောင်းလည်း ကုလသမဂ္ဂကခန့်မှန်းထားသည်။

ဂါဇာသည် အကူအညီများကို အလုံအလောက်မရသေးဘဲ စစ်ပွဲဒဏ်ခံနေရသည့် အနေအထားသို့ရောက်ရှိနေပြီးဂါဇာကမ်းမြောင်တောင်ဘက်သို့ အကူအညီအသစ်များ ထပ်မံဝင်ရောက်နိုင်မှသာလျှင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအတွက် အဆင်ပြေမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ဂါဇာနှင့်အီဂျစ်ကြား၌ ရာဖာမြို့ကို ဖြတ်ကျော်၍ ထောက်ပံ့ရေးကို ပြန်လည်ဖွင့်လှစ်သင့်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရန်ပုံငွေသုံးစွဲမှုများကို ပိုမိုလုပ်ဆောင်ရန်လည်း နိုင်ငံတကာအသိုင်းအဝိုင်းကို ပန်ကြားခဲ့သည်။

ရာဖာ၌ အစ္စရေးစစ်ဆင်ရေး စတင်ချိန်မှစ၍ ဂါဇာကမ်းမြောင်သို့ ထောက်ပံ့ေနသည့် ပမာဏသည် သိသိသာသာ ကျဆင်းသွားခဲ့ကြောင်းလည်းထပ်လောင်းပြောကြားခဲ့သည်။

ဂါဇာရှိ ဟားမတ်စ်ဦးဆောင်သော စစ်သွေးကြွများက အစ္စရေးတောင်ပိုင်းသို့ ယမန်နှစ်အောက်တိုဘာ ၇ ရက်က ဝင်ရောက်စီးနင်းခဲ့ရာ လူပေါင်း ၁,၂၀၀ ဝန်းကျင်‌ေ-သဆုံးခဲ့ကာ ဓ-ါးစာခံ ၂၅၀ ကျော်ဖမ်းဆီးခံရ၍ အစ္စရေးက မြေပြင်နှင့်လေကြောင်းစစ်ဆင်ရေးများကို အစပျိုးခဲ့ခြင်းလည်းဖြစ်သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here