ယနေ့ MNL U-20 Youth League 2024 week(5)ပွဲစဉ်များ စတင်ယှဉ်ပြိုင်၊ သုံးပွဲကစားရာတွင် နှစ်ပွဲသရေကျပြီး တစ်ပွဲ ဂိုးပြတ်ဖြင့် အနိုင်ရ

0
34

ယနေ့ ဇူလိုင်(၃)ရက် ညနေပိုင်းတွင် MNL U-20 Youth League 2024 ၏ week (5)ပွဲစဉ်များအား စတင်ယှဉ်ပြိုင်ကစားကြပြီး ပွဲစဥ် (၃)ပွဲကစားရာတွင် (၂)ပွဲသရေ (၁)ပွဲ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်(၃)ပွဲအနက် ရှမ်းယူနိုက်တက်နှင့် မြဝတီယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားရာ၌ ရှမ်းယူနိုက်တက်အသင်းက မြဝတီယူနိုက်တက်အသင်းအား (၅)ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဒဂုံပေါ့စ်နှင့် ဒဂုံစတားအသင်း တို့ယှဉ်ပြိုင်ရာတွင် (၂) ဂိုးစီနှင့် ရခိုင်နှင့် ဧရာဝတီအသင်းတို့က (၁)ဂိုးစီဖြင့် သရေရလာဒ် အသီးသီးထွက်ပေါ်ခဲ့သည်။

ယနေ့ ယှဉ်ပြိုင်သည့် အသင်းများမှာ Week(4)ပွဲစဉ်များ အပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ရပ်တည်နေသော အသင်းများပါဝင်နေပြီး ရန်ကုန်ယူနိုက်တက်အသင်းနှင့် IS PE အသင်း၊ ရတနာပုံအသင်းနှင့် မဟာယူနိုက်တက်အသ င်း၊ သစ္စာအားမာန်အသင်းနှင့် Junior Lions အသင်းတို့လည်း အသီးသီးတွေ့ဆုံနေကြသည်။

MNL U-20 Youth League 2024 ပြိုင်ပွဲအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူး၍ ဇွန်(၁)ရက်မှစတင်၍ Week(1)ပွဲစဉ်ယှဉ်ပြိုင်ကစားကြခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း (၁၃)သင်း ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

အဆိုပါ ယူ-၂၀ ပြိုင်ပွဲတွင် ဧရာဝတီယူနိုက်တက်၊ ဒဂုံပေါ့၊ ဒဂုံစတားယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ISPE၊ ဂျူနီယာလိုင်းယွန်း၊ မဟာယူနိုက်တက်၊ မြဝတီ၊ ရခိုင်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ သစ္စာအားမာန်၊ ရတနာပုံနှင့် ရန်ကုန်ယူနိုက်တက်တို့ ပါဝင်ယှဉ်ပြိုင်လျှက်ရှိသည်။

ပုံစာ – ယနေ့ ရှမ်းယူနိုက်တက်နှင့် မြဝတီယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားနေသည့် မြင်ကွင်း


LEAVE A REPLY

Please enter your comment!
Please enter your name here