ယနေ့ နံနက်ပိုင်း လားရှိုးတွင် လက်နက်ကြီးကျည်ကျရောက်သဖြင့် ဒေသခံ (၇)ဦး အသက်ဆုံးရှုံး

0
130

ယနေ့ ဇူလိုင်(၃)ရက် နံနက်(၈)နာရီအချိန်၌ လားရှိုးမြို့၊ ရပ်ကွက်(၁)၊ ဗျူဟာလမ်းအတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကျည်ကျရောက်ကာ အဆိုပါ နေအိမ်မှမိသားစုဝင် (၆)ဦး ‌ေ-သဆုံးခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မိသားစုလိုက်ကြီး ထိတာ။ ထမင်းဝိုင်းစားနေတုန်း ဖြစ်တာလို့သိရတယ်။ လက်နက်ကြီးပစ်သံဆက်ကြားနေရတယ်။ ဘယ်ဘက်အဖွဲ့က ပစ်တဲ့ ဟာလည်းတော့ ကျွန်တော်တို့လည်းမသိဘူး”ဟု ၎င်းက ပြောသည်။

အချို့ကလည်း “အဲ့အိမ်ကတပ်နဲ့သိပ်မဝေးဘူး၊တပ်ကိုလှမ်းပစ်တာမှာ သွားထိတဲ့ပုံပဲ၊ ဗျူဟာလမ်းက တပ်ဖက်နဲ့နီးတာပေါ့၊လူတွေလည်း ပြေးစရာမရှိတော့ ကိုယ့်အိမ်ကိုယ်ဆက်နေကြတုန်းပဲ”ဟုဆိုသည်။

ယနေ့ညနေကလည်း လားရှိုး၊ရပ်ကွက်(၅)အစပ်ရှိပန်အုပ်ကျောင်းတွင်းသို့လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် ကိုရင်ငယ်လေးတစ်ပါးထိသွားသည်ဟုသိရသည်။

အလားတူ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာတွင်လည်း နေအိမ်တစ်လုံးပေါ် သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး အရပ်သား(၁)ဦး ထပ်မံ‌ေ-သဆုံးခဲ့ကြောင်း ဆိုသည်။

လားရှိုးမြို့ပတ်ဝန်းရှိ တပ်မတော် စခန်းများကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဖြစ်သည့် MNDAAနှင့် ပူးပေါင်းအဖွဲ့များက ယနေ့ နံနက်ပိုင်းမှစတင်၍ ထိုးစစ်ဆင် တိုက်ခိုက်နေခြ င်း‌ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၂၅)ရက်မှ စတင်ဖြစ်ပွားခဲ့သည့် ရှမ်းပြည်မြောက်ပိုင်း တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ အသက်ဆုံးရှုံးသည်အထိ ဖြစ်ပေါ်နေခြင်းဖြစ် သည်။

ပုံစာ – လားရှိုးမြို့တွင် လက်နက်ကြီးကျည်ထိမှန်၍ နေအိမ်ပျက်စီးနေသည်ကို တွေ့ရစဉ်။

ဓာတ်ပုံ – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here