ရန်ကုန်-ပဲခူး-ရန်ကုန်ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်း (၉)လိုင်းကို အောင်မင်္ဂလာအဝေးပြေးကားကြီးဝင်းသို့ ပြောင်းရွှေ့

0
1919

ရန်ကုန်-ပဲခူး-ရန်ကုန်ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်း (၉)လိုင်းကို အောင်မင်္ဂလာအဝေးပြေးကားကြီးဝင်းသို့ ပြောင်းရွှေ့ပြေးဆွဲခိုင်းထားကြောင်း YRTC မှ သိရသည်။

” ဒါကအခုမှ လုပ်တာမဟုတ်ဘူး။ အရင်ကတည်းကလုပ်နေတာပေါ့။ စော်ဘွားကြီးကုန်းမှာဂိတ်ထိုး‌ပြီးပြေးဆွဲနေတယ့် ပဲခူးကားတွေကို အောင်မင်္ဂလာကားဝင်းကို ပြောင်းခိုင်းထားတာ။ အဓိက ယာဉ်ကြောပိတ်ဆို့မှုမဖြစ်အောင်ရယ် ခရီးသည်တွေအတွက်အန္တရာယ်ကင်းအောင်ရယ်ပေါ့။ ဘာလို့ဆို သူ့ကားတွေက တံခါးပေါက်တစ်ပေါက်တည်းရှိတယ်။ အဲဒါက ခရီးသည်အတတ်အဆင်းအတွက် အန္တရာယ်ရှိတယ်”ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်ကပေါ်ပြူလာနယူးစ်သို့ပြောသည်။

အဆိုပါ ယာဉ်လိုင်းအတွက် YCDC ၏ခွင့်ပြုချက်ဖြင့်ဂိတ် ၁ အနီးတွင် ပေ ၂၀၀ × ပေ ၆၀ ၌ အဆောက်အအုံဆောက်လုပ်ပြီး ဂိတ်ဖွင့်လှစ်ကာ ပဲခူး-ရန်ကုန်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ (၁၉) ရက်မှစတင်ကာ ရန်ကုန်-ပဲခူး ပြေးဆွဲနေသည့် မီနီဘတ်စ်ယာဉ်များကို လမ်းကြောင်း (၁) အနေဖြင့် ပဲခူး – ရန်ကုန် ခရီးစဉ်ကို ပြည်လမ်း၊ ခရေပင်လမ်း၊ တညင်းကုန်းဘူတာရုံလမ်း၊ ရွှေပြည်သာတံတားမှတဆင့် အနော်ရထာလမ်း၊ ရန်ကုန်-ပုသိမ်လမ်းအတိုင်း ဒဂုံဧရာအဝေးပြေးဝင်းအထိဖြစ်ကြောင်း သိရသည်။

ထို့အပြင် လမ်းကြောင်း (၂) အဖြစ် ပဲခူး – ရန်ကုန်လမ်းအတိုင်း ထောက်ကြန့်၊ ပြည်လမ်း၊ ခရေပင်လမ်းဆုံမှတဆင့် တညင်းကုန်းလမ်းဆုံ၊ မင်္ဂလာဒုံလမ်း၊ ဘုရင့်နောင်လမ်း၊ ပေါက်တောဝ၊ အောင်ဇေယျ တံတားကတစ်ဆင့် ရန်ကုန် – ညောင်တုန်းလမ်းအတိုင်း ဒဂုံဧရာအဝေးပြေးဝင်းအထိ ပြောင်းလဲပြေးဆွဲနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here