စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် ဆေးနှင့် ဆေးပစ္စည်းများတင်သွင်းသည့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား အမေရိကန် ဒေါ်လာ ၅.၄ သန်း ရောင်းချပေး

0
92

ဇွန်လ (၃) ရက်တွင် စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် ဆေးနှင့် ဆေးပစ္စည်းများတင်သွင်းသည့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား ကန် ဒေါ်လာ ၅.၄ သန်း ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် Online Trading Platform တွင် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များမှတဆင့် နိုင်ငံခြားငွေဝယ်ယူလိုကြောင်း တင်ပြလာသည့် ဖော်ပြပါလုပ်ငန်းရှင်များကို ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

Online Trading Platform မှတဆင့်ဖေဖော်ဝါရီ (၂) ရက်မှစတင်၍ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များကို ဗဟိုဘဏ်က ရောင်းချပေးနေခြင်းဖြစ်သည်။

Online Trading Platform မှတဆင့် (၅)လအတွင်း (၁၅) ကြိမ်ရောင်းချပေးထားပြီး စုစုပေါင်းနိုင်ငံခြားငွေပမာဏ ဒေါ်လာ ၄၁ သန်း၊ တရုတ်ယွမ် ၃၁ ဒသမ ၅ သန်းနှင့် ထိုင်းဘတ် ၂၃၆ သန်း ‌ရောင်းချထားပြီးဖြစ်ကာ ယခုအခါ စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် ဆေးနှင့် ဆေးပစ္စည်းများတင်သွင်းသည့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များကို ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် Online Trading Platform အပြင် အခြားနည်းလမ်းများဖြင့် နိုင်ငံခြားငွေများကို ရောင်းချပေးလျက်ရှိပြီး လက်ရှိအချိန်အထိ စုစုပေါင်း ဒေါ်လာ ၂၀၈ သန်းကျော်၊ ထိုင်းဘတ် ၁၅၄၉ သန်းကျော်နှင့် တရုတ်ယွမ် ၅၄ သန်းကျော်အထိ ရောင်းချပေးထားပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here