သမ္မတလောင်းအဖြစ်မှ နုတ်ထွက်ဖို့ ဖိအားများကို ပယ်ချပြီး ပွဲပြီးတဲ့အထိ ဆက်ရှိနေမယ်လို့ ဘိုင်ဒင် ပြောဆို

0
60

ဇူလိုင် ၃ ရက်က မဲဆွယ်ရေးအဖွဲ့ဝင်တွေနဲ့ ဖုန်းခေါ်ဆိုမှု၊ ဒီမိုကရက် ဥပဒေပြုအမတ်တွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံခဲ့မှုအတွင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် သူဆက်ရှိနေမှာ ဖြစ်တယ်လို့ ကတိပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က စကားစစ်ထိုးပွဲအပြီး သူ၏စွမ်းဆောင်ရည် ညံ့ဖျင်းလာမှုများအပေါ် နုတ်ထွက်ဖို့တောင်းဆိုချက်တွေထွက်လာတာကို အသံတိတ်သွားစေဖို့ ဘိုင်ဒင်က ကြိုးပမ်းခဲ့ပါတယ်။

သူ့ကို ဘယ်သူမှ တွန်းမထုတ်သလို သူကလည်း ထွက်မှာမဟုတ်ကြောင်းနဲ့ ပြိုင်ပွဲအပြီးအထိ သူ ရှိနေမှာဖြစ်ကြောင်း သူ့ရဲ့ မဲဆွယ်အဖွဲ့နဲ့ သီးခြား အီးမေးလ်ပို့မှုတစ်ခုမှာ မစ္စတာဘိုင်ဒင်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပြိုင်ဘက် ဒေါ်နယ်ထရန့်ကို အနိုင်ယူရေးအတွက် အနည်းငယ် လုံ့လပြုပေးကြဖို့လည်း ထောက်ခံသူတွေကို သူက တိုက်တွန်းခဲ့ပါတယ်။

သမ္မတဟာ ဇူလိုင် ၃ ရက် ညနေပိုင်းမှာ ဒီမိုကရက် အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့တော်ဝန် ၂၄ ဦးကို ဝါရှင်တန်ဒီစီမှာ တွေ့ဆုံခဲ့ပြီး အခြေမလှတဲ့ စကားစစ်ထိုးပွဲအပြီးမှာ သူဟာ ပါတီအတွက် ကိုယ်စားပြုသွားမယ့်သမ္မတလောင်းအဖြစ် ဆက်ရှိနေမယ့်အကြောင်း သူတို့ကို အာမခံချက်ပေးခဲ့ပါတယ်။

တွေ့ဆုံပြောဆိုမှုအပြီးမှာ နယူးယောက်၊ မင်နီဆိုးတားနဲ့ မေရီလန်းပြည်နယ်တွေရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူး သုံးဦးသာ သတင်းထောက်တွေနဲ့ တွေ့ဆုံမှုလုပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က စကားစစ်ထိုးပွဲမှာ ဘိုင်ဒင်ရဲ့ ကျဆင်းလာတဲ့ စွမ်းရည်နဲ့ ပတ်သက်ပြီး ရိုးသားပွင့်လင်းတဲ့ ဆွေးနွေးမှုလုပ်ခဲ့ပြီးနောက် မစ္စတာဘိုင်ဒင်နဲ့အတူ ရပ်တည်မယ်လို့ သူတို့က ကတိပြုခဲ့ကြပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here