သဘာဝဘေး အန္တရာယ်များကို လိုအပ်သည့် ကြိုတင် ပြင်ဆင်ကာကွယ်များဖြင့် အချိတ်အဆက်မိမိ လုပ်ဆောင်ရန် ပြည်ထောင်စုဝန်ကြီး မှာကြား

0
50

ကချင်ပြည်နယ် ရေကြီးရေလျှံမှု အပါအဝင် ဧရာဝတီမြစ်နှင့် ချင်းတွင်း မြစ်တစ်လျှောက် ဆက်စပ်ဖြစ်ပွား လာနိုင်သည့် ရေကြီးရေလျှံမှု၊ မြေပြိုမှုများကို မုတ်သုန်ကာလအတွင်း လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများဖြင့် အချိတ်အဆက်မိမိ လုပ်ဆောင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက မှာကြားလိုက်သည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လတ်တလော ဖြစ်ပွားနေသော ကချင်ပြည်နယ် ရေကြီးရေလျှံမှု အပါအဝင် ဧရာဝတီမြစ်နှင့် ချင်းတွင်း မြစ်တစ်လျှောက် ဆက်စပ် ဖြစ်ပွားလာနိုင်သည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ၊ မုတ်သုန် ကာလအတွင်း လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများနှင့် ပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာများ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေး ခေါ်ယူခြင်းဖြစ်ပြီး ကဏ္ဍအလိုက် ကြိုတင် စီမံထားရှိမှုများကို တင်ပြကြရန်နှင့် အချိန်နှင့်တစ်ပြေးညီ အချိတ်အဆက် မိမိဆောင်ရွက်နိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝိုင်းဝန်းဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြစ်ရေကြီးမှု အခြေအနေကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၎င်းအစည်းအဝေးသို့ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here