မြန်မ့ာလက်ရွေးစင် ယူ-၁၂ အသင်းဖွဲ့စည်း၍ လူငယ်ဘောလုံးပွဲတော်များတွင် ယှဉ်ပြိုင်ရန် စေလွှတ်မည်

0
51

မြန်မ့ာလက်ရွေးစင် ယူ-၁၂ အသင်းဖွဲ့စည်း၍ လူငယ်ဘောလုံးပွဲတော်များနှင့် နိုင်ငံတကာ လူငယ်ဖိတ်ခေါ်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ရန် စေလွှတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံအဖွဲ့ချုပ်ထံက သိရသည်။

ယင်းအတွက် ယူ-၁၂ လူငယ်ကစားသမားကို ယခု ဇူလိုင်လအတွင်း ရွေးချယ်ခေါ်ယူသွားမည်ဖြစ်ကာ၊ အမျိုးသား ဘောလုံးအကယ်ဒမီ(ရန်ကုန်)တွင် ဇူလိုင်လ (၆) ရက်မှ(၈) ရက်နေ့အထိ လည်းကောင်း၊ မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး)တွင် ဇူလိုင်လ (၁၂)ရက်နေ့မှ(၁၄) ရက်နေ့အထိလည်းကောင်း အသီးသီး ရွေးချယ်ခေါ်ယူသွားမည်ဖြစ်သည်။

ရွေးချယ်ခံ လူငယ်ကစားသမားများအနေဖြင့် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်အတွင်း မွေးဖွားသူများ လာရောက်ရွေးချယ်ခြင်းခံယူနိုင်ပြီး မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)နှင့် အမျိုးသား ဘောလုံး အကယ်ဒမီ(ရန်ကုန်)တို့တွင် ကျောင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်းနှင့် မွေးစာရင်းတို့နှင့်တကွ လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း MFF က အသိပေးထာသည်။

အသက်မှန်ကန်မှုအတွက် စနစ်တကျစစ်ဆေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးအဖွဲ့၏ စစ်ဆေးအတည်ပြုချက်ဖြင့်သာ ဆုံးဖြတ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here