တရုတ်၌ မုန်တိုင်းကြောင့် လူ ၂၄၀,၀၀၀ ကို ဘေးလွတ်ရာသို့ရွှေ့ပေး

0
64

ပေကျင်း၊ဇူလိုင် ၃

တရုတ်နိုင်ငံ၌ မိုးသက်မုန်တိုင်းများ တိုက်ခတ်မှုကြောင့် ယန်ဇီမြစ်နှင့်အခြားမြစ်များ က ရေလျှံသဖြင့် တရုတ်နိုင်ငံအရှေ့ပိုင်းမှ လူတစ်သန်း၏လေးပုံတစ်ပုံနီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာက ဇူလိုင် ၃ ရက်တွင်ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် မကြာသေးမီကလည်း မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီးနောက် အပူလှိုင်းဖြတ်ခြင်းများလည်းဖြစ်ပေါ်ခဲ့ကာပြင်းထန်သည့် ဆိုးရွားသော ရာသီဥတု ကို ကြံ့ကြံ့ခံနေခဲ့သည်။

မုန်တိုင်းဒဏ်ကို Anhui ပြည်နယ်တွင် နေထိုင်သူ ၉၉၁,၀၀၀ သည်ခံစားခဲ့ရပြီး အင်္ဂါနေ့မွန်းလွဲပိုင်းက လူပေါင်း ၂၄၂,၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းစေခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန ဖြစ်သည့် ရှင်းဟွာကလည်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်သော ယန်ဇီမြစ်ရေ၏ Anhui ပြည်နယ်ရှိ ရေပမာဏသည် စိုးရိမ်ရေမှတ် ကိုကျော်လွန်နေပြီး ဆက်လက်မြင့်တက်နေကြောင်းလည်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၌ မကြာမီကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ကာ ပြီးခဲ့သည့်ဇွန်လက ကွမ်တုံရေဘေးကြောင့် ၃၈ ဦး‌ေ-သဆုံး‌ခဲ့သေးသည်။

Source : အေအက်ဖ်ပီ/စီအမ်


LEAVE A REPLY

Please enter your comment!
Please enter your name here