၀က်တစ်ကောင်နဲ့ လူပုံတွေပါဝင်သော ကမ္ဘာ့ရှေးအကျဆုံး ဂူတွင်းပန်းချီ အင်ဒိုနီးရှားမှာ တွေ့ရှိ

0
58

သုတေသနပြုချက်အသစ်အရ အင်ဒိုနီးရှားနိုင်ငံ ဂူတစ်ခုအတွင်း တွေ့ရှိထားတဲ့ ဝက်တစ်ကောင်နဲ့ လူပုံတွေပါ ဇာတ်ကြောင်းနောက်ခံ ပန်းချီလက်ရာဟာ လူသားတွေလက်နဲ့ ရေးဆွဲခဲ့သမျှမှာ ရှေးအကျဆုံးဖြစ်ပြီး နှစ်ပေါင်း ၅၁၀၀၀ ကျော်သက်တမ်းရှိနေပြီလို့ ဇူလိုင် ၃ ရက်မှာ သုတေသီတွေက ထုတ်ဖော်ပြောဆိုပါတယ်။

ဒီပန်းချီဟာ ဇာတ်ကြောင်းပြောလက်ရာတွေမှာ ရှေးအကျဆုံး အထောက်အထားဖြစ်တယ်လို့ သြစတြေးလျနိုင်ငံ Griffith တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင် မစ္စတာ မက်ဆီမေ အောဘတ်က AFP ကို ပြောဆိုပါတယ်။

မစ္စတာ အောဘတ်ဟာ ၂၀၁၉ ခုနှစ်က ရှေးအကျဆုံး ယခင်စံချိန်တင် ပန်းချီလက်ရာကို ဖော်ထုတ်ခဲ့တဲ့ အဖွဲ့ထဲမှာ ပါဝင်ခဲ့သူဖြစ်ပြီး အင်ဒိုနီးရှား လှိုဏ်ဂူအတွင်း အမဲလိုက်ပုံ ပန်းချီလက်ရာကို တွေ့ရှိခဲ့ပြီးနောက် ဒါဟာ နှစ်ပေါင်း ၄၄၀၀၀ နီးပါးသက်တမ်းရှိနေပြီလို့ ခန့်မှန်းခဲ့ပါတယ်။

သို့ပေမယ့် လေဆာနည်းပညာသစ်ကို အသုံးပြုပြီး နောက်ဆုံး ဖော်ထုတ်တွေ့ရှိချက်အရ နှစ် ၅၀၀၀၀ ကို ကျော်လွန်တဲ့ လက်ရာဖြစ်တယ်ဆိုတာကို ပထမဆုံးအကြိမ် မိမိတို့ တွေ့ရှိခဲ့တယ်လို့ တွေ့ရှိချက်နဲ့ ပတ်သက်ပြီး Nature မဂ္ဂဇင်းမှာ ပူးတွဲရေးသားခဲ့တဲ့ မစ္စတာ အောဘတ်က ပြောဆိုခဲ့ပါတယ်။

ဒီရှာဖွေတွေ့ရှိမှုအတွက် သုတေသီတွေဟာ လေဆာနဲ့ ကွန်ပျူတာဆော့ဖ်ဝဲ အသုံးပြုတဲ့ နည်းလမ်းသစ်ကို သုံးစွဲကာ ကျောက်နမူနာတွေရဲ့ မြေပုံတစ်ခု ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။

ယင်းလေဆာရောင်ခြည်ထုတ် နည်းပညာဟာ ယခင်အသုံးပြုတဲ့ နည်းလမ်းထက် ပိုမို တိကျ၊ လွယ်ကူမြန်ဆန်ကာ အဖိုးအခလည်း သက်သာပြီး ပိုမိုသေးငယ်တဲ့ ကျောက်နမူနာတွေများစွာလိုအပ်တယ်လို့ မစ္စတာ အောဘတ်က ပြောဆိုခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here