လားရှိုးမြို့အတွင်း လက်နက်ကြီးကျည်ကျရောက်၍ သားအမိနှစ်ဦး အသက်ဆုံးရှုံး

0
346

လားရှိုးမြို့ ရပ်ကွက်(၉)အတွင်း ယနေ့ဇူလိုင် (၄)ရက် နံနက်(၆)နာရီဝန်းကျင်အချိန်တွင် လက်နက်ကြီးကျည်ကျရောက်ခဲ့ရာ အဆိုပါ ရပ်ကွက်အတွင်းနေထိုင်သူ သားအမိနှစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ် ကို ပြောသည်။

” သားအမိနှစ်ယောက်လုံး ‌ေ-သဆုံးသွားပါတယ်။ လားရှိုးပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် လားရှိုးမြို့အတွင်း ဒေသခံများပုံမှန်သွားလာနေကြပြီး၊ လက်နက်ကြီးကျည်ကျရောက်သည့် နေရာများလည်း ရှိကာ မပေါက်ကွဲသည့် လက်နက်ကြီးကျည်များကို တပ်မတော်ဘက်မှ လိုက်လံ ဖြုတ်သိမ်းပေးနေရကြောင်း မြေမြင်အခြေအနေကို ၎င်းက ရှင်းပြသည်။

ထို့အပြင် လားရှိုးမြို့အနီး ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် ဒေသခံများအား လားရှိုးတပ်မတော်ဆေးရုံသို့ ပို့ဆောင်ကာ ကုသပေးနေရသည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ယနေ့ နံနက်ပိုင်းအချိန်တွင် လက်နက်ကျည်အချို့ ကျရောက်သည်များရှိ‌နေသော်လည်း ၎င်းအနေဖြင့် အရေအတွက်အား ပြောပြနိုင်ခြင်းမရှိဟုဆိုသည်။

“ကျတာတော့ကျနေတာဘဲ။ တစ်ဘက်မှာကျလို့သွားကူညီနေတဲ့အချိန် တစ်ဘက်မှာ ထပ်ကျတာမျိုးကြတော့ ကျွန်တော်တို့ မသိနိုင်ဘူး။”ဟု ဆိုသည်။

အလားတူ ယနေ့တွင် လားရှိူး ရပ်ကွက်(၁၁) ပညာရေးကောလိပ်အနောက်ဘက် အုတ်ကွင်းအတွင်း လက်နက်ကြီး ထပ်မံကျရောက်၍အမျိုးသား(၃)ဦး အသက်ဆုံးရှူံးခဲ့ရကြောင်း သိရသည်။

ယင်းဖြစ်စဉ်အတွက် ဒေသခံ လူမှုကူညီရေးအဖွဲ့တစ်ခုအား ပေါ်ပြူလာနယူးစ်က ထပ်မံမေးမြန်းရာတွင် ဒဏ်ရာရ အရေးပေါ် လူနာသယ်ဆောင်နေရသည့်အတွက် လက်ရှိအချိန်တွင်မဖြေကြားပေးနိုင်သေးကြောင်း ဆိုသည်။

ပြီးခဲ့သော ဇွန်(၂၅)ရက်နေ့က စတင်ဖြစ်ပွားခဲ့သော ရှမ်းပြည်မြောက်ပိုင်း တစ်ကျော့ပန်တိုက်ပွဲများအတွင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့နှင့်အနီးပါတ်ဝန်းကျင်ကျေးရွာများမှ စစ်ရှောင်တိမ်းနေရသည်များရှိသလို ထိခိုက်‌ေ-သဆုံးမှုများလည်းရှိခဲ့သည်။

မြေပြင်အခြေအနေအရ မည်မျှ ထိခိုက်‌ေ-သဆုံးသည် ၊ မည်မျှ စစ်ရှောင်တိမ်းနေရသည်ဆိုသည်ကိုမူ မြေပြင်စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူများပင် တိတိကျကျပြောနိုင်သည့် အခြေအနေမရှိသေးပေ။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here