ပြိုင်ပွဲဝင်သင်း (၇) သင်းယှဉ်ပြိုင်နေသည့် Myanmar Women League 2024 ပြိုင်ပွဲအတွက် ATOM Myanmar က ငွေကျပ်သိန်း(၂၀၀၀) ပံ့ပိုး

0
44

ပြိုင်ပွဲဝင်အသင်း (၇) သင်းယှဉ်ပြိုင်နေသည့် Myanmar Women League 2024 ပြိုင်ပွဲအတွက် ATOM Myanmar က ငွေကျပ်သိန်း(၂၀၀၀) ကို ပံ့ပိုကူညီပေးခဲ့ကြောင်း သိရသည်။

ATOM Myanmar သည် ပြည်တွင်း တယ်လီဖုန်းအော်ပရေတာတစ်ခုဖြစ်ပြီး ယခင် Telenor Myanmar မှတဆင့် ပြန်လည် လွှဲပြောင်းလက်ခံယူထားသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

ATOM Myanmar အနေဖြင့် ယမန်နှစ် Myanmar Women League 2023 ပြိုင်ပွဲအတွက် ငွေကျပ်သိန်း (၁၀၀၀) ပံ့ပိုးပေးခဲ့ပြီး၊ အမျိုးသမီးဘောလုံးလောကနှင့် အမျိုးသမီးများ၏အခန်းကဏ္ဍ ဆက်လက်မြှင့်တင်ပေးလိုသည့် ရည်ရွက်ချက်ဖြင့် ယခုနှစ် ပြိုင်ပွဲအတွက် ငွေကျပ်သိန်း(၂၀၀၀) ထပ်မံ ပံ့ပိုးပေးခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ပံ့ပိုးကူညီမှုအား ယမန်နေ့ ဇူလိုင်(၃)ရက် မွန်းလွဲပိုင်းက ဆူးလေဘုရားလမ်းရှိ ATOM Myanmar ရုံးချုပ်၌ ပြုလုပ်ခဲ့ရာ ATOM Myanmar မှ CEO Mr Ahmad၊ Chief Cooperate Officer ဦးသိန်းဟုတ်၊ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ Acting COO ဦးတင်ထွန်းအောင်နှင့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင်ကလပ်အသင်းများမှ ကစားသမားများ တက်ရောက်ခဲ့ကြသည်။

ပြိုင်ပွဲဝင် (၇) သင်းပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် Myanmar Women League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ယခုနှစ် မေလ (၇) ရက်မှစတင်၍ သုံးကျော့ပတ်လည်စနစ်ဖြင့် ကျင်းပလျက်ရှိပြီး နိုဝင်ဘာ (၈)ရက်တွင် ပြိုင်ပွဲပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here