ယူကရိန်း တင့်ကားကို ပြန်ပေးဆွဲခဲ့သော တင့်ကားသမား ရုရှားနိုင်ငံသားဖြစ်ခွင့် ရရှိ

0
74

T-64 တင့်ကားတစ်စင်းကို မောင်းနှင်သယ်ဆောင်လာကာ ရုရှားထံ လက်နက်ချခဲ့သော ယူကရိန်း တင့်ကားတပ်သား Maxim Likhachev အား ရုရှားနိုင်ငံသားအဖြစ် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း Donetsk ပြည်သူ့သမ္မတနိုင်ငံ(DPR) မှ ဥပဒေစိုးမိုးရေးဆိုင်ရာ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

“Maxim Likhachev သည် ရုရှားနိုင်ငံကူးလက်မှတ်ကို ရရှိခဲ့ပြီး ယခုအခါ ရုရှားဖက်ဒရေးရှင်းနိုင်ငံသားဖြစ်နေပါပြီ” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

သူသည် ရုရှားနိုင်ငံသားဖြစ်လာရန် စောင့်ဆိုင်းနေရသည်မှာ ကြာမြင့်လှပြီ ဟုလည်း တင့်ကားတပ်သားကပြောသည်။

Likhachev သည် မေလနှောင်းပိုင်းက သူမောင်းနှင်သော T-64 တင့်ကားနှင့်အတူ Donetsk အနီးတွင် ရုရှားတပ်များထံ လက်နက်ချခဲ့ခြင်းဖြစ်သည်။ သူသည် Lugansk ပြည်သူ့သမ္မတနိုင်ငံ၊ Krasnodon တွင်မွေးဖွားခဲ့သူဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here