အိန္ဒိယ-မြန်မာကုန်သွယ်ရေးတွင် ရူပီး-ကျပ် ငွေပေးချေမှုစနစ်စတင်ပြီဖြစ်

0
51

အိန္ဒိယ-မြန်မာကုန်သွယ်ရေးတွင် ရူပီးနှင့်ကျပ်ငွေ ကုန်သွယ်မှုငွေပေးချေရေးယန္တရားသည် ယခုအခါစတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အိန္ဒိယသံရုံး(ရန်ကုန်)က ထုတ်ပြန်ထားသည်။

ကုန်သွယ်ရေးငွေပေးချေမှုတွင် ပထမဆုံးအကြိမ် ရူပီနှင့်ကျပ် တိုက်ရိုက်ငွေပေးချေမှုအဖြစ် ပဲမျိုးစုံတင်ပို့မှုအတွက် ရူပီ ၁ ကုဋေကျော်ကို ပန်ဂျပ်အမျိုးသားဘဏ် ရန်ကုန်ရုံးမှ အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း၊ ဤငွေပေးချေရေးယန္တရားမှ အကျိုးရှိစေရန် နှစ်ဖက်စလုံးမှ စီးပွားရေးလုပ်ငန်းများကို တိုက်တွန်းထားကြောင်း သိရသည်။

ရူပီးနှင့် ကျပ်ပေးချေမှုအတွက် လုပ်ကိုင်ခွင့်ရဘဏ်အဖြစ် ပန်ဂျပ်အမျိုးသားဘဏ်၊ မြန်မာဘက်မှ CB ဘဏ်နှင့် UAB ဘဏ်တို့ကို ခွင့်ပြုထားပြီး နယူးဒေလီမြို့ရှိ ပန်ဂျပ်အမျိုးသားဘဏ်တွင် (Special Rupee Vostro Account SRVA) စာရင်းဖွင့်လှစ်ဆောင်ရွက်ရမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

အိန္ဒိယနှင့် ကုန်သွယ်သည့်အခါ နယ်စပ်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှစ်ခုစလုံးတွင် ရူပီးနှင့်ကျပ် ပေးချေမှုကျင့်သုံးမည်ဖြစ်ပြီး ထိုစနစ်သည် အိန္ဒိယမှ တင်သွင်းသည့် ဆေးဝါးနှင့် အခြားသွင်းကုန်များအတွက် ဒေါ်လာလိုအပ်ချက် လျှော့ချနိုင်မည်ဖြစ်ကာ ကုန်စည်နှင့် ငွေပေးချေမှု လွယ်ကူချောမွေ့ရန် နှစ်နိုင်ငံဆက်ဆံရေး ကောင်းလာမည်ဟု ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here