မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ Facebook အတု ပြုလုပ်၍ ငွေကြေးလိ-မ်လည်မှုများရှိနေ

0
59

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ Facebook စာမျက်နှာ ပုံစံအတုပြုလုပ်ကာ ဆန်မှာယူသူများအပေါ် ငွေကြေး လိ-မ်လည်မှုများရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) က ယနေ့ ဇူလိုင်(၄)ရက်တွင် သတိပေး ထုတ်ပြန်ထားသည်။

MRF ၏ ယနေ့ အသိပေးထုတ်ပြန်ချက်တွင် အသင်းချုပ်အနေဖြင့် ဇွန်(၂၅)ရက်တွင် ပေါ်ဆန်မွှေး ဆန် များအား အိမ်အရောက်ပို့ စနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးမည့် အစီအစဉ် သတင်းထုတ်ပြန်ချက်(၄/၂၀၂၄) အသိပေးချက် အပေါ်မသမာသူများက ဖေ့စ်ဘွတ် အတုများဖွင့်လှစ်ကာ ဆက်သွယ်မှာကြားရန် ဖုန်းနံပါတ်များကို ပြင်ဆင်ပြီး ဆန်ဝယ်ယူရန် စုံစမ်းမှုများကို ငွေကြေးလိမ်လည် လက်ခံနေကြောင်း သိရှိရသည်ဟု ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ Facebook page အစစ်အမှန်မှာ Blue Mark ရရှိထားပြီး Like(65K) နှင့် Follower (80k) ရှိကြောင်းနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သတင်းထုတ်ပြန်ချက်(၄/၂၀၂၄) အသိပေးချက်တွင် ပါရှိသည့် Viberနှင့် ဖုန်းနံပါတ်များဖြစ်သော 09-400067240/ 09-400067250/09-400067260 တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းနှင့် ငွေပေးချေရာတွင် Myanmae Rice Federation (MRF) Incorporated အမည်ဖြင့် ဖွင့်လှစ်ထားသည့် KBZ Pay၊ AYA Pay ၊ A+Wellet တို့ကိုသာ ဆောင်ရွက်ကြရန် အသိပေးချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါ Facebook အတုများဖြင့် လိမ်လည်ထုတ်ပြန်ထားရှိမှုများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆန်ရောင်းချခြင်း အစီအစဉ်နှင့် ပတ်သက်၍ လိုအပ်ချက်၊ အကြံပြုချက်၊ မေးမြန်းရန် အချက်များရှိပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သို့ ဆက်သွယ်နိုင်ကြောင်း သတိပေးချက်တွင် ပါရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here