စဉ့်အင် ဖောင်ဆိပ်တွင် ဒေသတွင်း စစ်ရှောင်လာသည့် ယာဉ် (၁၀၀)နီးပါး တန်းစီစောင့်ဆိုင်းနေရ

0
46

လားရှိုးမြို့အပါအဝင် စဉ့်အင် ၊နောင်မွန်‌ကျေးရွာနှင့် အနီးပါတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံများ ယနေ့ ဇူလိုင်(၄)ရက် နံနက်ပိုင်းအချိန်မှစတင်၍ စဉ့်အင်ဖောင်ဆိပ်မှတဆင့် စစ်ရှောင်နေကြရာ ယာဉ်အစီးရေ (၁၀၀)နီးပါး တန်းစီစောင့်ဆိုင်းနေရကြောင်း ဒေသခံတစ်ဦးက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ ဒေသတွင်းစစ်ရှောင်ပြည်သူ အများစုမှာ လားရှိုး -သီ‌ပေါလမ်းပိုင်း စဉ့်အင်ဖောင်ဆိပ်မှတဆင့်(၉)မိုင်လမ်းခွဲမှ နမ့်လန်- တောင်ကြီးသို့ တိမ်းရှောင်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။

“စဉ်အင်ဖောင်ဆိပ်ကို ဖြတ်ပြီးတော့ ကိုးမိုင်းလမ်းခွဲကနေ နမ့်လန်၊ လဲချား၊ လွယ်လင်၊ ဟိုပုန်းပြီးတော့ တောင်ကြီး အဲဒီဘက်လမ်းကိုပဲ သွားမှာလေ။ အဲ့ဒီလမ်းက လုံးဝ တိုက်ပွဲနဲ့လွတ်ကင်းတဲ့လမ်းလေ။ စစ်ရှောင်တဲ့သူတွေက စဉ့်အင်တို့ နောင်မွန်တို့ဘက်က ပါတာပေါ့။ နောင်မွန်ဆိုတာရွာကြီး၊ တရုတ်တွေပဲ နေတာ။ သူဌေးတွေကြီးပဲ။ သူဌေးရွာလို့တောင်ပြောလို့ရတယ်”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် တိုက်ပွဲများမှာ နောင်မွန်ရွာအနီး ဖြစ်ပွားနေခြင်းကြောင့် ယင်းဒေသခံပြည်သူအများစု စစ်ရှောင်တိမ်းနေကြခြင်းလည်းဖြစ် သည်။

“တိုက်ပွဲက နောင်မွန်မှာဖြစ်နေတော့ အဲဒီကဒေသခံအများစုနဲ့ စဉ့်အင်ဘက်က ဒေသခံတွေ ရှောင်ကြတယ်”ဟု ၎င်းက ဖြည့်စွက်ဆိုသည်။

ယနေ့ ဇူလိုင်(၄)ရက် နံနက်ပိုင်းတွင် လားရှိုးမြို့အနီးကျေးရွာများ၌ ဖြစ်ပွားနေသော တိုက်ပွဲအချို့ကြောင့် လားရှိုးမြို့ ရပ်ကွက်များအတွင်း လက်နက်ကြီးကျည်ကျရောက်သဖြင့် ဒေသခံပြည်သူအချို့ ထိခိုက်‌ေ-သဆုံးမှုများရှိနေ သည်။

ပြီးခဲ့သော ဇွန်လ(၂၅)ရက်၌ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မှစတင်ဖြစ်ပွားခဲ့သည့် တစ်ကျော့ပြန်တိုက်ပွဲများမှာ သီပေါနှင့် လားရှိုးမြို့အနီး ကျေးရွာများအထိ ဆက်လက်ဖြစ်ပွားနေကြခြင်းဖြစ်သည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here