အရှေ့တောင်အာရှ စစ်သွေးကြွအဖွဲ့ Jemaah Islamiyah ဖျက်သိမ်းမည်ဟု ခေါင်းဆောင်ဖြစ်သူများ ကြေညာ

0
79

လူအ‌ေ-သအပျောက်များ ဘာလီဗုံးခွဲတိုက်ခိုက်မှုတွေရဲ့ လက်သည်ဖြစ်သော အရှေ့တောင်အာရှ စစ်သွေးကြွကွန်ရက် Jemaah Islamiyah ရဲ့ အကြီးတန်းခေါင်းဆောင်တွေက အဖွဲ့ကို ဖျက်သိမ်းမှုလုပ်နေတယ်လို့ ကြေညာခဲ့ကြောင်း ဂျာကာတာအခြေစိုက် ပညာရှင်အုပ်စုတစ်ခုရဲ့ ကြာသပတေးနေ့(ဇူလိုင် ၄) က အစီရင်ခံမှုအရ သိရပါတယ်။

အစွန်းရောက်ကွန်ရက်ကို သူတို့ ဖျက်သိမ်းနေကြောင်း ကြေညာတဲ့ Jemaah Islamiyah ခေါင်းဆောင် ၁၆ ဦးရဲ့ ဇွန် ၃၀ ရက်က ထုတ်ပြန်ချက် ဗီဒီယိုဖိုင်ဟာ အစစ်အမှန်ဖြစ်တယ်လို့ အတည်ပြုကြောင်း ပဋိပက္ခဆိုင်ရာ မူဝါဒခွဲခြမ်းစိတ်ဖြာရေး အင်စတီကျူ့ (IPAC) ရဲ့ အစီရင်ခံချက်မှာ ဖော်ပြခဲ့ပါတယ်။

အွန်လိုင်းကမျှဝေခဲ့တဲ့ ထုတ်ပြန်ချက် ဗီဒီယိုဖိုင်မှာ အင်ဒိုနီးရှားနိုင်ငံတော်နဲ့ ဥပဒေတွေအပေါ် သူတို့ရဲ့ ကတိကဝတ်ကို အတည်ပြုခဲ့ပြီး JI နဲ့ဆက်စပ်တဲ့ ကျောင်းတွေမှာ သင်ကြားတဲ့အကြောင်းအရာအားလုံးဟာ အများလက်ခံတဲ့ အစ္စလာမ်ဘာသာအယူနဲ့ညီညွတ်စေရမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဘာအကျိုးဆက်တွေဖြစ်လာမလဲဆိုတာတော့ ပြောဖို့စောသေးကြောင်း သို့ပေမယ့် ထုတ်ပြန်ချက်ကို လက်မှတ်ထိုးခဲ့သူတွေဟာ အများကလက်ခံနိုင်လောက်တဲ့ အဖွဲ့အစည်းအတွင်း ယုံကြည်လေးစားလောက်သူတွေဖြစ်တယ်လို့ IPAC ရဲ့ ပဏာမခွဲခြမ်းစိတ်ဖြာချက်ကို ရေးသားခဲ့သူ ဆစ်ဒနေ ဂျုံးစ်က ပြောဆိုခဲ့ပါတယ်။

အယ်ခိုင်ဒါအဖွဲ့နဲ့ အချိတ် အဆက်ရှိ ယင်း စစ်သွေးကြွအဖွဲ့ဟာ ၂၀၀၂ ခုနှစ်က လူ ၂၀၀ ကျော်‌ေ-သဆုံးခဲ့တဲ့ ဘာလီနိုက်ကလပ်တွေမှာ ဗုံးခွဲတိုက်ခိုက်ခဲ့မှု အပါအဝင်
အင်ဒိုနီးရှားနိုင်ငံမှာဖြစ်ခဲ့တဲ့ လူအ‌ေ-သအပျောက်ရှိ တိုက်ခိုက်မှုအချို့ကို စီမံလုပ်ဆောင်ခဲ့တဲ့အဖွဲ့လို့ စွပ်စွဲခံထားရပါတယ်။

ဒီထုတ်ပြန်ချက်ထွက်လာတာနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အမျိုးသား အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးအဖွဲ့ (BNPT) က မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပမယ့် မကြာခင်မှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ဖို့ စီစဉ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

Ref: Investing.com


LEAVE A REPLY

Please enter your comment!
Please enter your name here