တရားဝင်ငွေကြေး မဟုတ်သည့် Digital Currency Crypto currency ‌ငွေကြေးများ ရင်းနှီးမြှုပ်နှံရန် ကြော်ငြာခဲ့သည့် I-WEALTH ကုမ္ပဏီအား DICA အမည်ပျက်စာရင်းသွင်း

0
94

မြန်မာနိုင်ငံတွင် တရားဝင်ငွေကြေး မဟုတ်သည့် Digital Currency Cryptocurrency ‌ငွေကြေးများ ရင်းနှီးမြှုပ်နှံရန် ကြော်ငြာခဲ့သည့် I-WEALTH ကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦး စီးဌာန (DICA) မှ အသိပေးကြေညာထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ခွင့်ပြုထားခြင်းမရှိသည့် Digital Currency Cryptocurrency: Bitcoin နှင့် Ethereum များကို ရင်းနှီးမြှုပ်နှံရန် I-Wealth အမည်ဖြင့် Facebook Page ၌ စည်းရုံးဆွဲဆောင် ကြော်ငြာခဲ့ကြောင်း စိစစ်တွေ့ရှိရသည့်အတွက် I-WEALTH COMPANY LIMITED မှတ်ပုံတင် အမှတ်-၁၃၈၀၉၅၁၉၃ အား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင် လ (၂)ရက်မှစ၍ အမည်ပျက်စာရင်း (Black List) ထည့်သွင်း သတ်မှတ်ခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန အွန်လို င်းမှတ်ပုံတင်စနစ်တွင် ဖွဲ့စည်းမှတ်ပုံတင်ထားသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရမည့်အပြင် မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းနှင့်သက်ဆိုင်သည့် အစိုးရဌာန၊ အဖွဲ့အစည်းများမှ ချမှတ်ထားသော အခြားတည်ဆဲဥပဒေနှင့် နည်းဥပဒေများ လိုက်နာခြင်းမရှိကြောင်း တွေ့ရှိရပါက DICA ၏ ဝက်ဘ်ဆိုဒ်တွင် မှတ်ပုံတင်အရာရှိက အများပြည်သူသိရှိစေနိုင်ရန် ကြေညာသွားမည် ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လတွင်လည်း ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ (၅) သိန်းနှင့်အထက် ပြန်လည်ဝင်ရောက်ရန်ကျန်ရှိသော ကု မ္ပဏီ (၂၈) ခုနှင့် စားအုန်းဆီတင်သွင်းရာတွင် မသမာမှုပြု လုပ်ခဲ့သည့် ဆီကုမ္ပဏီ (၈) ခုအား အမည်ပျက်စာရင်း (Black List) ထည့်သွင်း သတ်မှတ်ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here