ရန်ကုန်တွင် (၆) လအတွင်း ယာဉ်မတော်တဆမှုပေါင်း (၃၉) မှုဖြစ်ခဲ့ကာ အသက်ဆုံးရှုံးသူ (၂၁)ယောက်ရှိခဲ့

0
232

ရန်ကုန်တွင် (၆) လအတွင်း ယာဉ်မတော်တဆမှုပေါင်း (၃၉) မှုဖြစ်ခဲ့ကာ အသက်ဆုံးရှုံးသူ (၂၁) ယောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် (၄၀) ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေ သကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကော်မတီ YRTC ထံမှ သိရသည်။

ပြီးခဲ့သည့် နှစ် (၆) လအတွင်းတွင်မူ ယာဉ်မတော်ဆမှုပေါင်း (၄၀) ကျော်နှင့် ‌ေ-သဆုံးသူ (၁၅) ယောက်ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူ အယောက် (၆၀) ရှိခဲ့သည့်အတွက် ယာဉ်တို-က်မှုဖြစ်စဉ်နှင့် ထိခိုက်ဒဏ်ရာရသူ လျော့ကျခဲ့သော်လည်း အသက်ဆုံးရှုံးသူ ဦးရေမြင့်တက်ခဲ့ကြောင်း YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်၏ ပြောကြားချက်အရ သိရသည်။

ထိုပြင် စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်အရေးယူမှုပေါင်း (၃၀၀၀၀) ကျော်ရှိကာ စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်း (၁၀၉၆) ယောက်ကိုလည်း (၆) လအတွင်း (၁၁)ကြိမ်တိုင်တိုင် အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ပေးခဲ့ကြောင်းလည်း သိရသည်။

ပြည်သူများအနေဖြင့်လည်း စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို YBS Call Center ၀၉-၄၄၈၁၄၇၁၄၉ နှင့် ၀၉ -၄၄၈၁၄၇၁၅၄ များကို တိုင်ကြားနိုင်ကြောင်းလည်း YRTC ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here