ယနေ့ ရိုးရာဖိုက်တာ သံမဏိစိုးလင်းဦးနှင့် မွေထိုင်းဖိုက်တာ PongSiri တို့ ယှဉ်ပြိုင်ထိုးသ-တ်မည်

0
611

ယနေ့ ဇူလိုင် (၅)ရက် မြန်မာစံတော်ချိန် ည(၆)နာရီအချိန်တွင် ရိုးရာလက်‌ဝှေ့ဖိုက်တာ သံမဏိစိုးလင်းဦးနှင့် မွေထိုင်းဖိုက်တာ PongSiri တို့ ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။

ယနေ့ ယှဉ်ပြိုင်ထိုးသ-တ်မည့်ပွဲစဉ်တွင် စိုးလင်းဦးအ‌နေဖြင့် တွဲဆိုင်း(၆)ဆိုင်းမြောက်တွင် ယှဉ်ပြိုင်ထိုးသ-တ်သွားရမည်ဖြစ်ပြီး၊ ပွဲစဉ်တွင် တွဲဆိုင်း (၁၃) ဆိုင်း ပါဝင်မည်ဖြစ်သည်။

ပွဲစဉ်အတွက် ယမန်‌နေ့ ဇူလိုင်(၄) ရက်က ဆေးစစ်ဝိတ်ချိန်ရာ၌ စိုးလင်းဦးအ‌နေဖြင့် သတ်မှတ်ဝိတ်ချိန် (145)lbs အတွင်းဝင်ခဲ့သော်လည်း Pongsiri မှာ သတ်မှတ်ဝိတ်ချိန်ထက် (၄)ပေါင်ကျော်နေကြောင်း သိရသည်။

ယင်းအတွက် Catchweight တန်းသတ်မှတ်လိုက်ကာ Pongsiri အနေဖြင့် ထိုးကြေးအချို့ကို စိုးလင်းဦးအား ခွဲဝေပေးရမည်ဖြစ်ကြောင်း သိရသည်။

ယခု ယှဉ်ပြိုင်ထိုးသ-တ်မည့် ပွဲစဉ်သည်ရိုးရာဖိုက်တာ စိုးလင်းဦး၏ တတိယမြောက် ပွဲစဉ်တစ်ခုဖြစ်ပြီး၊ ပထမ ပွဲဦးထွက်တွင် ဂျပန်ဖိုက်တာ မာဆာရူရှီကို အလဲထိုးဖြင့်အနိုင်ရရှိခဲ့သလို ဒုတိယအကြိမ် ပွဲစဉ်တွင်လည်း ပေါ်တူဂီဖိုက်တာ Fabio Reis နှင့် ယှဉ်ပြိုင်ထိုးသ-တ်ရာတွင်လည်း အနိုင်ရရှိထားသည်။

မွေထိုင်းဖိုက်တာ ပွန်ဆီရိသည် ONE တွင် (၅)ပွဲမြောက် ယှဉ်ပြိုင်ထားသူဖြစ်ပြီး စိုးလင်းဦးမှာ နှစ်ပွဲထိုးသ-တ်ထားဖူးသည်။

၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံ၌ ပထမအကြိမ် လက်ဝှေ့စည်းမျဥ်းအရ ထိုးသ-တ်ခဲ့စဥ် သရေကျထားပြီး ယခုမွေထိုင်း လက်ဝှေ့စည်းမျဥ်းဖြင့် ပွန်ဆရီ၏ အိမ်ကွင်း ထိုင်းနိုင်ငံတွင် ထိုးသ-တ်ရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here