မုံရွာမြို့တွင် သတ်မှတ်အခြေခံဈေးနှုန်းဖြင့် ဆန်နှင့်စားသုံးဆီများ ရောင်းချ

0
110

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့တွင် သတ်မှတ်အခြေခံဈေးနှုန်းဖြင့် ဆန်နှင့် စားသုံးဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းစားသုံးဆန်၊ ဆီဈေးနှုန်းတည်ငြိမ်စေရေးအတွက်စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်သော တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်းကာ ရောင်းချပေးခြင်းဖြစ်သည်။

မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်ရှိ ဗန္ဓုလဈေးတွင် ယမန်နေ့ ဇူလိုင်လ (၄)ရက် နံနက်ပိုင်းက စားသုံးသူပြည်သူများအတွက် ပေါ်ဆန်း‌မွှေးဆန်၊ ဧရာမင်းဆန်နှင့် ဧည့်မထဆန်များကို သတ်မှတ်အခြေခံ ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ခြင်းဖြ စ်သည်။

ဆန်များရောင်းချပေးရာတွင် ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၅၈၀၀ ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၄၂၀၀ ကျပ်၊ ဧည့်မထဆန် တစ်ပြည် ၂၈၀၀ကျပ် ဖြင့် တစ်ဦးလျှင်ဆန် (၂) ပြည်နှုန်းဖြင့် လူဦးရေ ၉၀၀ ကျော်ခန့်ကို ရောင်းချပေးခဲ့သည်။

စားသုံးသူပြည်သူများအတွက် စားသုံးဆီများကိုလည်း သတ်မှတ်ဈေးနှုန်းနှင့်အညီ တစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် စုစုပေါင်းဆီပိဿာ ၃၃၀ ပိဿာကို ဆီကုန်သည်များက ရောင်းချပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here