အိန္ဒိယဝန်ကြီးချုပ် မော်စကို သွားမည်

0
418

မော်စကို၊ဇူလိုင် ၄

ရုရှား – ယူကရိန်းအရေးစတင်ပြီးနောက်ပိုင်း၌ ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် ရုရှားနိုင်ငံ မော်စကို မြို့သို့ လာမည့် ဇူလိုင်လ ၈ ရက် နေ့ နှင့် ၉ ရက်နေ့များတွင်သွားရောက်မည်ဖြစ်ကြောင်း ခရင်မလင်က ဇူလိုင်လ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

ယူကရိန်းအရေးသည် ရုရှားနှင့်အိန္ဒိယနှစ်နိုင်ငံ ဆက်ဆံရေးကို စမ်းသပ်လိုက်သည့် စစ်ဆင်ရေးတစ်ခုလည်းဖြစ်သကဲ့သို့ နူးဒေလီသည် မော်စကိုမှရေနံများကို ပိုမိုဝယ်ယူခဲ့ပြီး ရုရှားအပေါ်ချမှတ်ထားသည့် အနောက်အုပ်စု၏ ပိတ်ဆို့ဒဏ်ခတ်မှုများတွင်လည်း ပါဝင်ခြင်းမရှိခဲ့ပေ။

ယခုတွေ့ဆုံမည့်တွေ့ဆုံပွဲ၌ ဝန်ကြီးချုပ် မိုဒီနှင့်သမ္မတပူတင်တို့သည် ယခင်ကတည်းကရှိခဲ့ကြသည့် ချစ်ကြည်ရင်းနှီးသည့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးတက်ရေးအပြင် နိုင်ငံတကာနှင့်ဒေသဆိုင်ရာ အစီအစဉ်များနှင့်သက်ဆိုင်သည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်းလည်း ခရင်မလင်နန်းတော်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်က ဥဇဘက်ကစ္စတန်၌တွေ့ဆုံစဉ်ကလည်း ရုရှားသမ္မတက ၎င်းအနေဖြင့် မစ္စတာမိုဒီသည် လက်ရှိဖြစ်ပေါ်နေသည့် ယူကရိန်းအရေးကို စိုးရိမ်စိတ်ဖြစ်ကာ အမြန်အဆုံးသတ်စေချင်နေမည်ကိုနားလည်ကြောင်းပြောကြားခဲ့သည်။

မစ္စတာမိုဒီကမူ ရုရှားနယ်စပ်၌ပိတ်မိနေပြီး ရုရှားထောက်ပံ့ရေးတပ်သားအဖြစ်သော်လည်းကောင်း ယူကရိန်းစစ်မြေပြင်၌သော်လည်းကောင်းတိုက်ပွဲဝင်ရန်ဖိအားပေးခံနေရသည့် မိမိနိုင်ငံသားများကို ပြန်လွှတ်ပေးရန်လည်း ယခုနှစ်ဆန်းပိုင်းက ရုရှားကို တောင်းဆိုခဲ့ကြောင်းသိရသည်။

Source : အေအက်ဖ်ပီ/အေတီ


LEAVE A REPLY

Please enter your comment!
Please enter your name here