အိန္ဒိယမြောက်ပိုင်းလူအုပ်ပြိုမှုအတွက် လူခြောက်ဦးကိုဖမ်းဆီး

0
47
Men walk at the site of a stampede in Hathras in India's Uttar Pradesh state on July 3, 2024. - Survivors of India's deadliest stampede in over a decade on July 3 recalled the horror of being crushed at a vastly overcrowded Hindu religious gathering that left 116 people dead. (Photo by Arun SANKAR / AFP)

နူးဒေလီ၊ဇူလိုင် ၄

လူပေါင်း ၁၂၁ ဦး‌ေ-သဆုံးခဲ့ရသည့် အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတရာပရာဒက်ရှ်ပြည်နယ်မှ ဟိန္ဒူဘာသာရေးပွဲတစ်ခု၏ လူအုပ်ပြိုမှုနှင့်ဆက်စပ်နေသူ ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အဆိုပါဘာသာရေးပွဲသို့ လူပေါင်း ၂၅၀,၀၀၀ ခန့်လာရောက်ခဲ့ကြပြီး နာမည်ကြီးတရားဟောဆရာတစ်ဦးဖြစ်သည့် ဘိုလီဘာဘာ၏ တရားပွဲကို လာရောက်နားထောင်ကြခြင်းဖြစ်ကြောင်းသိရသည်။

အမှန်စင်စစ်မူ ပွဲစီစဉ်သူများသည် လူဦးရေ ၈၀,၀၀၀ ခန့်သာ စုဝေးခွင့်ရရှိထားသည်ကို နှစ်သိန်းကျော်သည်အထိ စုဝေးစေခဲ့ခြင်းကြောင့်လည်း ယခုကဲ့သို့ ဖြစ်ရပ်ဆိုးနှင့်ကြုံရခြင်းဖြစ်သည်။တရားဟောမည့် ဘိုလီဘာဘာ၏လက်ထောက်များကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အမျိုးသားလေးဦးနှင့်အမျိုးသမီးနှစ်ဦးတို့ဖြစ်ကြောင်းလည်းသိရသည်။

၎င်းတို့သည် မူလက အဖမ်းမခံဘဲ လူအုပ်ပြိုကျချိန်တွင် ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟုလည်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ယခုဖြစ်စဉ်အတွင်း ‌ေ-သဆုံးသွားသူများထဲတွင် အမျိုးသမီး ၁၁၂ ဦးပါဝင်ကာ က – လေ- းငယ် ၇ ဦးပါဝင်သည်ဟုလည်းသိရှိရသည်။

Source : ရိုက်တာ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here