တရုတ်သံအမတ်ကြီးအား နစက ဒုဥက္ကဋ္ဌ လက်ခံတွေ့ဆုံ၊နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေး

0
119

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား နစက ဒုဥက္ကဋ္ဌ က လက်ခံတွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် (၅)ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့်တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးတိုးတက်ကောင်းမွန်နေမှုနှင့် အေးအတူပူအမျှ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဘက်စူံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ ဖွံ့ဖြိူးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုနှင့် တရုတ်နိုင်ငံမှလည်း ထောက်ခံအားပေးနေမှုအခြေအနေများ၊ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဋ္ဌ နိုင်ငံတော် ဒုဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here