ဗြိတိန်ဝန်ကြီးချုပ်သစ်ကို ကျေးဇူးတင်ကြောင်းဇလန်းစကီးပြော

0
432

ကိဗ်၊ဇူလိုင် ၆

ရုရှားနှင့်စစ်ပွဲ၌ ယူကရိန်းကို ဆက်လက်ထောက်ပံ့မည်ဟုပြောသဖြင့် ဗြိတိန်ဝန်ကြီးချုပ်သစ် ခေးရ်စတမ်မာကို ကျေးဇူးတင်ရှိပါကြောင်း ယူကရိန်းသမ္မတဇလန်းစကီးကပြောကြားခဲ့သည်။

ဇလန်းစကီးက မစ္စတာ စတမ်မာနှင့်တယ်လီဖုန်းဖြင့်စကားပြောခဲ့ပြီး ၎င်းအနေဖြင့် ဗြိတိန်ပြည်သူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်ကြိုးပမ်းရာ၌ အောင်မြင်ပါစေကြောင်းလည်း ဆုမွန် ကောင်းတောင်းခဲ့သည်။

ယူကရိန်းသမ္မတက ၎င်းတို့နှစ်နိုင်ငံအကြား ၌ ရေရှည်သဘောတူညီချက်အတွက် ပြင်ဆင်မှုများကို စတင်ရန်မျှော်လင့်ကြောင်းကိုလည်း ဇလန်းစကီးကပြောကြားခဲ့ပြီး ရွေးကောက်ပွဲ၌ အနိုင်ရရှိသည့် မစ္စတာစတမ်မာကို ဂုဏ်ပြုစကားပြောကြားခဲ့ပြီး နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် လက်တွဲလုပ်ဆောင်ရန်မျှော်လင့်ထားကြောင်းပြောကြားခဲ့သည်။

“ဗြိတိန်နှင့်ယူကရိန်းတို့သည် အေးအတူပူအမျှ ရပ်တည်သွားကြမည့် ယုံကြည်ရသည့်မဟာမိတ်များအဖြစ်ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ဘုံတန်ဖိုးများ၊လွတ်လပ်မှုနှင့် စည်းမျဉ်းများကိုအခြေခံသည့် နိုင်ငံတကာစနစ်ကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားမည်” ဟုလည်း ဇလန်းစကီးကပြောကြားခဲ့သည်။

ယင်းနောက် ဇလန်းစကီးက ကွန်ဆာဗေးတစ်ဝန်ကြီးချုပ် ရီရှီဆူးနက်ခ်ကိုလည်း ယူကရိန်းကို ခိုင်မာစွာထောက်ခံခဲ့မှုအတွက် ကျေးဇူးတင်ရှိကြောင်းလည်းဆိုခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here