နစက ဒုဥက္ကဋ္ဌသည် တရုတ်တွင်စိမ်းလန်းသော ဖွံ့ဖြိုးမှုဖိုရမ် တက်ရောက်မည်

0
116

နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ စိမ်းလန်းသော ဖွံ့ဖြိုးမှုဖိုရမ်တက်ရောက်ရန် ဇူလိုင် (၆)ရက်တွင် တရုတ်နိုင်ငံသို့ ထွက်ခွာသွားသည်။

အဆိုပါ စိမ်းလန်းသော ဖွံ့ဖြိုးမှုဖိုရမ်ကို ဇူလိုင် (၈) ရက်မှ (၉) ရက်အထိ ရှန်းတုန်းပြည်နယ်၊ ချင်းတောင်မြို့၌ ကျင်းပမည်ဖြစ်ပြီး နစက ဒုတိယဥက္ကဋ္ဌအား နေပြည်တော် လေဆိပ်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယ ဝန်ကြီးဦးလွင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ဒေသစံတော်ချိန် နံနက် (၁၁)နာရီ(၁၅)မိနစ်တွင် နစကဒုတိယဥက္ကဋ္ဌ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့သို့ တထောက်နား ရောက်ရှိကြသည်။

ကူမင်းမြို့သို့ရောက်ရှိစဉ် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာဝမ်ဟောင်က အပြည်ပြည်ဆ်ိုင်ရာ လေဆိပ်အထူးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။

ထို့နောက် နစက ဒုဥက္ကဋ္ဌ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာပြီး ဒေသစံတော်ချိန် ညနေ (၅)နာရီခွဲတွင် ချင်းတောင်မြို့ကို ရောက်ရှိရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦး တင်မောင်ဆွေ၊ ချင်းတောင်မြူနီစပယ်ဒေသ တရုတ်ကွန် မြူနစ်ပါတီ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာလင်ပင်းနှင့် တာဝန်ရှိသူများက ချင်းတောင် လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။

နစက ဒုဥက္ကဋ္ဌနှင့်အတူ တရုတ်နိုင်ငံခရီးစဉ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားကြောင်း သိရသည်။

တရုတ်သို့ ၃ရက်ကြာသွားရောက်ခဲ့သော ဦးသိန်းစိန် ပြန်ရောက်လာအပြီး တပတ်အကြာတွင် နစက ထိပ်ပိုင်းခေါင်းဆောင်တစ်ယောက်၏ ခရီးလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here